ရှားမစ်(Arc -5.3)

8.9K 751 3
                                    

<Unicode>
"ဟယ်လို"

ဂျီးး...

"ဟယ်လို ဟယ်လို"

"ဟုတ်ကဲ့အမိန့်ရှိပါ"

"ဟယ်လို ကြားရလားဗျ"

"ကြားပါတယ် အဲ့ဘက်ကအဆင်ပြေကြပါရဲ့လား"

"ကျနော်တို့အခုရုံးခန်းတစ်ခုထဲမှာပိတ်မိနေတယ် ကျနော်တို့ကိုလာကူညီပေးနိုင်မလား"

"ဟုတ်ကဲ့ အခုဒီမှာလဲအခြေနေကမတည်ငြိမ်သေးတာမို့ ခဗျားတို့ရောက်နေတဲ့နေရာမှာပဲလုံခြုံအောင်နေပေးပါ ကယ်ဆယ်ရေးကိုအမြန်ဆုံးပို့ပေးလိုက်ပါ့မယ်"

"ကျနော်တို့ဘယ်လောက်စောင့်ပေးရမှာလဲ"

"အတိကျတော့မပြောနိုင်ပါဘူး လူအင်အားကမလောက်တော့နေရာတိုင်းကိုချက်ချင်းရောက်အောင်တော့မလုပ်နိုင်လို့ပါ နားလည်ပေးပါ ခဗျားတို့လုံခြုံရေးအတွက်ရောက်နေတဲ့နေရာမှာပဲနေပီး အပြင်မထွက်ပါနဲ့"

"အသက် ကိုယ့်ကိုပေး"

ခွန်းထစ်ကဖုန်းကိုတောင်းလာတာကြောင့်ပေးလိုက်သည်။

"ဒီမှာ ငါကXကုမ္မဏီကceoခွန်းထစ်ပဲ"

"ဆ ဆရာခွန်းထစ်လား"

"​အေး အခုချက်ခြင်းရဟတ်ယဉ်လွှတ်ပေး! မင်းတို့ကိုလစာပေးစားထားတာအလကားမဟုတ်ဘူး!"

"ကျနော်တို့လဲအဆင်ပြေအောင်လုပ်..."

"အပိုစကားတေမကြားချင်ဘူး မင်းတို့အတွက်လူအင်အားရောလက်နက်အင်အားရောထောက်ပံဖို့ငါရှယ်ယာထည့်ထားတာ မလောက်ဘူးဆိုတဲ့စကားငါမကြားချင်ဘူး! လူမလောက်ရင်မင်းကိုယ်တိုင်လာ!"

"ဆ ဆရာ ဟိုလေ ကျနော်ရအောင်စီစဉ်ပေးပါ့မယ် ဆရာတို့ကလုံခြုံအောင်နေပါ အခုချက်ခြင်းလွှတ်ဖို့ကလူတကယ်မလောက်လို့ပါ မြို့ထဲမှာလဲအခြေနေတေကဆိုးဝါးနေတော့ ခနလောက်စောင့်ပေးစေချင်ပါတယ်"

"ဘယ်လောက်စောင့်ရမှာလဲ"

"နှစ်နာရီလောက်..."

"တစ်နာရီ!တစ်နာရီအပြင်ပိုမစောင့်နိုင်ဘူး ကြားတယ်နော်!တစ်နာရီအတွင်းရောက်မလာရင်မင်းတို့ဌာနလဲဆက်ရှိနေစရာမလိုတော့ဘူး! တောက်စ်!"

Love System (Completed)Where stories live. Discover now