ယွီအာ(Arc -2.7)

11.5K 885 3
                                    

<Unicode>
"ဘာ!!"

"အဟင့် အဲ့ကောင်ကသမီးတို့ထက်ခြေတစ်လှမ်းသာသွားတယ် ဟင့်"

"မိဖုရားယွီကလဲလျှော့တွက်လို့မရဘူးပဲကို ဟက် ဘယ်လောက်ထိသာနိုင်မလဲကြည့်ကြသေးတာပေါ့"

"အဖေကဘာလုပ်မလို့လဲ"

"အသုံးမကျတဲ့ငါ့သမီးအတွက်ငါ့မှာလဲအကြံစည်တေရှိပါတယ် မင်းလာစမ်း!"

အစေခံမလေးတစ်ယောက်အားအနားခေါ်ကာပုလင်းလေးတစ်လုံးအားပေးလေသည်။

"မနက်ဖြန်ကြရင်မီးပုံးပွဲတော်အတွက်ဘုရင့်နန်းဆောင်မှာပျော်ပွဲရွှင်ပဲကျင်းပမယ် ရော့ ဒီပုလင်းကိုယူဘုရင်သောက်မယ့်သေရည်ထဲဒီဆေးရည်ကိုထည့်လိုက် တာဝန်ကျေပါစေ ဒီကိစ္စအောင်မြင်သွားရင်မင်းအတွက်တစ်နေရာရအောင်စီစဉ်ပေးမယ်"

"ဟုတ်ကဲ့ပါစစ်သူကြီး"

>>>>>>>

ဒီကနေ့မီးပုံးပွဲတော်ရက်ဖြစ်တာကြောင့်ဘုရင်ကခန်းမထဲတွင်ပျော်ပွဲရွှင်ပဲကျင်းပပေးရာခန်းမကြီးသည်လူများဖြင့်စည်ကားသိုက်မြိုက်နေကသည်။ကချေသည်များနဲ့အပျိုတော်တေကလာရောက်ကြတဲ့မူးမတ်နဲ့ဧည့်သည်များကိုကြိုဆိုကြသည်။ကချေသည်များကသူတို့ရဲ့အကအလှနဲ့ဖျော်ဖြေနေချိန်တစ်စုံတစ်ယောက်ကတော့ဂျယ်လီနင်နေသည်။

"အသက်!ကြည့်လို့မှကောင်းရဲ့လား"

"အင်း သူတို့ကတာလေးကအရမ်းလှတာပဲ ခါးလေးတေကိုသွယ်လို့ ဟိ ဟိ"

"တော်တော်လှတာပဲလား"

"ဒါပေါ့"

"ကိုယ့်ထက်တောင်ပိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့"

"ဒါပေါ့ အဲ!"

ယွီအာအခုကအခြေနေကိုရိပ်စားမိတော့သည်။လုဟန်ရဲ့အကြည့်တေကမီးပွင့်မတတ်စူးရှနေပီးလက်သီးကိုဆုပ်ထားလွန်းလို့သွေးကြောများတောင်ပေါ်နေပီဖြစ်သည်။

"လုဟန်ကိုကို ဟီးး အသက်ကစတာပါ ကိုကိုအသက်ကိုအူတိုမတိုစမ်းကြည့်တာပါ သူတို့ကိုစိတ်ဝင်းစရာလား ဟွန့် သူတို့အလှကကိုကို့ရင်အုပ်ကြီးကိုကိုင်ရတာလောက်တောင်စိတ်လှုပ်ရှားဖို့မကောင်းဘူး"

Love System (Completed)Where stories live. Discover now