မိုးဒီပ(Arc -7.2)

9.6K 802 96
                                    

<Unicode>
အဖြစ်ပျက်အားလုံးကိုအစဆုံးကြည့်ပီးတော့သူ့မှာစိတ်တိုလွန်းလို့အံကိုတောင်ကြိတ်ထားမိသည်အထိပင်။ထိုအချိန်လက်ပါလာတာမြင်လိုက်ရတာမို့ဒေါသထွက်ကာဝင်ပါလိုက်တော့သည်။

"ကိုမိုးထက်ရှိုင်း"

"ဘယ်လိုဖြစ်တာလဲ မြင့်မိုကုမ္မဏီကceoကသူများယောက်ျားကိုလုယူထားတာလား"

"အဲ့လိုမဟုတ်.."

"ဟုတ်တယ် ဟုတ်တယ် အဲ့မိန်းမကသူများယောက်ျားကိုလဲယူသေးတယ် လူကိုလဲမျက်နှာပြောင်တိုက်ပီးကွာရှင်းခိုင်းသေးတယ် ပီးတော့ငွေနဲ့ပေါက်ဖို့တောင်လုပ်တာ"

ရှိုင်းရဲ့ကိုယ်နဲ့ကွယ်ကာအနောက်ကနေရန်ထောင်နေတဲ့အကောင်ပေါက်လေးကြောင့်ရှိုင်းအသည်းယားလို့မဆုံးဖြစ်နေသည်။

"မနန်းမြင့်မို ကျနော်စိတ်မကောင်းစွာနဲ့ပဲပြောပါရစေ မနန်းမြင့်မိုတို့ဘက်ကကမ်းလှမ်းတဲ့ပရောဂျက်ကိစ္စကိုငြင်းပါရစေ"

"ရှင်!ဘာဖြစ်လို့လဲ ကျမတို့အဲ့ပရောဂျက်ရဖို့အများကြီးကြိုးစားထားရတာ"

"ဒီလိုပဲ မလုပ်ချင်တော့လို့ တခြားကုမ္မဏီကိုသာကမ်းလှမ်းလိုက်ပါတော့ လာအကောင်ပေါက်လေး"

"နေအုံး အထုပ်တေသယ်ရအုံးမယ်"

"ကိုယ့်လူတေသယ်လာလိမ့်မယ် လာ"

ရှိုင်းကဒီပရဲ့လက်ကိုဆွဲကာအပြင်ကိုခေါ်ထုတ်သွားတော့သည်။နန်းမြင့်မိုကတော့ဆုံးရှုံးသွားတဲ့ပရောဂျက်အတွက်ရင်ထုအနာဖြစ်နေသည်။သူမရဲ့ပရောဂျက်သာရှိုင်းရဲ့ကုမ္မဏီနဲ့ချိတ်ဆက်အသုံးပြုလိုက်မယ်ဆိုရင်အောင်မြင်ဖို့ရာခိုင်နှုန်းကအပြည့်ပင်။ရှိုင်းနဲ့ချိတ်ဆက်အလုပ်လုပ်ချင်နဲ့ကုမ္မဏီတေမှအများကြီးပင်။အဲ့ထဲမှာမှအခုလိုနေရာရဖို့သူအကြာကြီးကြိုးစားခဲ့ရတာပင်။

>>>>>>>

"အခု ဘယ်ကိုသွားမှာလဲ"

"ရွာပဲပြန်ရမှာပေါ့ နေစရာမှမရှိတာ ယောက်ျားကလဲမယားငယ်ကိုပဲဖူးဖူးမှုတ်နေတာ ကျနော်ကတောသား ဘာမှနားမလည်ဘူးနုံကလဲနုံသေး ဒီလိုရန်ကုန်မြို့ကြီးမှာတစ်ယောက်ထဲ ယောင်လည်လည်နဲ့ ဘယ်လိုနေရမှာလဲ နော့် နော်"

Love System (Completed)Where stories live. Discover now