EP1(U+Z)

23.3K 2.3K 154
                                    

.[ U ]

ဝန်ထမ်းမှသူ့ကို လက်ထပ်စာချုပ်ပေးလာတဲ့အခါ ချွီရီ အံ့အားသင့်နေမိတယ်။

ခုလတ်တလော ဖြစ်ပျက်မှုအစုံအလင်အား လိုက်လျောညီထွေရှိနိုင်ဖို့ သူ့တွင်နည်းလမ်းလည်းမရှိနိုင်ခဲ့။

ထို့အတူ ချင်ရိဟန်ရဲ့ တရားဝင်ခင်ပွန်း ဖြစ်နေပြီဆိုတာကိုလည်း သူ့ကိုယ်သူ ခုထိမယုံနိုင်သေးဘူး။

"မစ္စတာချွီ"

သူ့ဘေးနားမှလူက သူ့ကို လှမ်းခေါ်လာတယ်၊

တည်ငြိမ်အေးချမ်းပြီးသံလိုက်ကဲ့သို့ဆွဲငင်နိုင်တဲ့ ထိုအသံကချွီရီနှလုံးသားတံခါးအားဖွဖွလေး လာခေါက်သကဲ့သို့ဦးနှောက်တွေကို မှိုင်းရီ စေတယ်။

ချွီရီ လက်ထပ်စာချုပ်ကို လှမ်းယူလိုက်တယ်။

ချွီရီက ဝန်ထမ်းကို ကျေးဇူးတင်စကားပြောပြီး နောက်တဖက်သို့လှည့်ကာ သူ့ မျက်လုံးတွေက...ချင်းရိဟန်ဆိုသောလူတစ်ယောက်ရဲ့ ချည်နှောင်မှု ဆီသို့။

"အင်း..အဲ...အမ်း"

ချွီရီ တစ်ယောက် ချင်ရိဟန်ကိုလည်း မကြည့်ဝံ့၊ သူ့ရဲ့ အနေအထား နှင့်  ရုတ်တရက်ချင်ရိဟန်ရဲ့ အရှိန်အဝါကို ထိတွေ့ လိုက်ရတဲ့အခါ
ဘာပြောလို့ ပြောရမှန်းမသိ စကားလုံး တွေက အိုးတိုး အမ်းတမ်း တွေ ဖြစ်လာတယ်။

"ကျွန်တော်တို့ ဘာဆက်လုပ်ရမှာလဲ?"

အတိအကျဆိုရပါက ယနေ့က သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်တယ်။

ပထမတခေါက်ကတော့ လွန်ခဲ့တဲ့ တစ်လလောက်က အေမြို့တော်ရှိ အကြီးဆုံးဘားတစ်ခုမှာပေါ့!

ချွီရီ အဲ့ဒီနေ့ကစိတ်ဓာတ်ကျနေတာမို့
ဘားမှာ သွားသောက်ခဲ့တယ်။

အရက်အလွန်အကျွံသောက်မိတာမို့ နောက်ပိုင်းသူ့ အသိညာဏ်တွေ မှုန်ဝါးဝါးဖြစ်လာတယ်။

မည်သို့ပင်ဆိုစေကာမူ..အဲ့နေ့ညက
အလွန်ကြည့်ကောင်းတဲ့လူတစ်ယောက်နဲ့
သူတွေ့ခဲ့ရတယ်။

ဒါပေမယ့်အဲ့ဒီနောက်ပိုင်း သူတို့ ဘယ်လိုကနေဘယ်လို ဟိုတယ်ထိရောက်သွားရတာလဲ?

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now