EP9(U&Z)

12.3K 1.7K 105
                                    


[ U ]

EP 9 ဥက္ကဋ္ဌချင်၏အိမ်ပြန်လက်ဆောင်

ချင်ရိဟန် ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်နေတယ်၊သူ့ဖုန်းလေးကို ကိုင်ထားရင်းကော်ဖီတင်စားပွဲပေါ်ရှိလက်ဆောင်ဗူးလေးကို
ကြည့်ကာ တွေးနေမိတယ်။

လူ၏အငွေ့အသက်က အလွန်တရာညင်သာတယ်၊ ချွီရီ ဒီရက်တွေ အတွင်း အိမ်မှာမရှိတာကိုအလေးအနက်ထားပြီးတွေးနေဖို့ရာပင်
မလိုပဲ သူအသေအချာသိနေတယ်။

ချင်ရိဟန် လေယာဥ်ပေါ်ကဆင်းသည်ပင် အချိန်မကြာသေး၊သူ့မှာ မပြီးပြတ်သေးတဲ့
အလုပ်တွေရှိနေသေးပေမယ့်ယခုတွင်ဘာမှ
မလုပ်ချင်ဘဲချွီရီ ပြန်လာတာကိုသာသူစောင့်
နေချင်မိတယ်။

သူက ရှုကျင်ရဲ့ အကြံပြုချက်ကို လက်ခံပြီး
ချွီရီ အတွက်လက်ဆောင်လေးပင်ဝယ်လာခဲ့သေးတယ်၊အလုပ်လည်းစောစောပြီးသွားတာမို့ရရာလေယာဥ်ဖြင့် အလျင်စလို ပြန်
လာခဲ့ခြင်း ဖြစ်ပြီး သူ့တွင် အိမ်၌ မိသားစုဝင်လေးရှိသည်မို့ နောက်ထပ်တရက်ပိုနေစရာ
မလိုဘူးလို့ သူတွေးမိတယ်။

ဒါပေမဲ့ သူ့မိသားစုဝင်လေးက ဘယ်မှာလဲ?

ထို အခိုက်အတန့် ချင်ရိဟန် တစ်ယောက်
နည်းနည်းလေး ဒေါသထွက်မိတယ်။

ခဏထိုင်ပြီးနောက်ကားဂိုဒေါင်အပြင်ဘက်၌
အသံကြားလိုက်ရတယ်။

ချင်ရိဟန် သူ့လက်ပတ်နာရီကို တစ်ချက်
ကြည့်လိုက်ပြီး သူ့ဖုန်းချလိုက်ပြီးချိန်မှစ
ခုထိ 15မိနစ် ကြာတယ်။

သာမန်အားဖြင့် ချွီရီ ၏အိမ်မှ သူ့ထံသို့ ရောက်ရန် မိနစ် 20 သို့မဟုတ် ထို့ထက်
ပိုကြာတယ်၊ ခုနသူ ဖုန်းခေါ်ချိန် ချွီရီအသံက
တိုးတိုးလေးမို့ အိပ်ပျော်ရာမှနိုးလာပုံရတယ်။

15မိနစ်!!

ချင်ရိဟန် ကျေနပ်သွားတယ်..သူ့မိသားစုဝင်လေးက သူ့ဆီ အပြေးလာသားပဲ!!

မကြာခင်မှာပဲ ချွီရီ စကားဝှက်နှိပ်ပြီး တံခါး
ဖွင့်လာတယ်၊ အလျင်အမြန် အထဲသို့ဝင်လာပြီး ဖိနပ်တွေလဲလိုက်တယ်၊ဆိုဖာပေါ်တောင့်တောင့်ကြီးနဲ့ မှုန်ကုပ်ကုပ်ဖြင့်ထိုင်နေတဲ့
ချင်ရိဟန်ကိုတွေ့တဲ့အခါအနည်းငယ်ကြောက် ရွံ့နေပုံရတယ်၊

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now