EP20(U+Z)

11.4K 1.5K 11
                                    

...
EP20  ဘာအတွက်လဲ ?

[U]

ရှုကျန်းက သူ့ကိုယ်သူ ဥက္ကဋ္ဌချင်ရဲ့ မိသားစု အကြံပေးဖြစ်နေသလားလို့ခံစားမိနေတယ်။

ဥပမာအားဖြင့်, ဥက္ကဋ္ဌချင်တစ်ယောက်
မစ္စတာချွီထံ အဝတ်အစားပို့ပြီး ပြန်လာသည်နှင့် တပြိုင်နက် ရှုကျန်းကို လက်ပြကာရုံးခန်းသို့ ချက်ခြင်းခေါ်လေတယ်၊ ရှုကျန်းက အရေးကြီး ကိစ္စလို့ထင်ခဲ့ပေမဲ့ သူတံခါး
ပိတ်ပြီးပြီးခြင်း ဥက္ကဋ္ဌချင်မေးလာတယ်၊

" ချွီရီ့ ရဲ့ သူငယ်ချင်းတစ်ယောက်
ရောက် လာတယ်၊ငါတို့ထမင်းအတူတူ
စားသင့်လား?"

ရှု ကျန်း စဥ်းစားပြီး ပြောလိုက်တယ်၊

"အဲ့ဒါက သူ့သူငယ်ချင်းနဲ့ သူ့ရဲ့ ခင်မင်မှုပေါ်မူတည်သေးတယ်"

ဥက္ကဋ္ဌချင်တစ်ယောက် ခေါင်းလေးငုံ့ထားသော်လည်းမသက်မသာဖြစ်နေပုံရတယ်။
ထို့နောက် ခေါင်းလေးငုံ့လျက်ဖြင့် စာရိုက်နေပြီး မစ္စတာချွှီထံ မက်ဆေ့ ပို့နေခြင်းဖြစ်နိုင်လောက်တယ်။

သိပ်မကြာခင်မှာဘဲ ဥက္ကဋ္ဌချင်က ရှုကျန်းကို
ပြောလာတယ်၊

" သူတို့ကအရမ်းလည်း မဆိုးတဲ့ထဲပါတယ်"

ရှုကျန်းခေါင်းညိတ်ပြတယ်,

" ဒါဆို များသောအားဖြင့်တော့လိုအပ်တယ်,
ဒါပေမဲ့ မစ္စတာချွီရဲ့ သဘောထားကို ဥက္ကဋ္ဌဘက်က အရင် မေးသင့်တယ်"

ဥက္ကဌချင် စာပြန်ရိုက်ဖို့ ခေါင်းငုံ့သွားပြန်တယ်။

ရှုကျန်း လက်နှစ်ဖက်ကို အတူစုစည်းကာဆုပ်ကိုင်ရင်း စောင့်နေလိုက်တယ်၊ခဏ
အကြာ, ဥက္ကဋ္ဌချင် ခေါင်းမော့လာတယ်,

" ငါတို့ ဟော့ပေါ့စားမယ်,မင်းက စားသောက်
ဆိုင်တစ်ခုခုကို ဘိုကင်လုပ်လိုက်"

" ဟုတ်ကဲ့ပါ ဥက္ကဌ...ည7နာရီလောက်လား?
နေ့လည်ခင်း အစည်းအဝေးက ညနေ6နာရီလောက်ပြီးမယ်, ဒါဆို ကြားထဲမှာ သွားဖို့
လာဖို့ အချိန်နည်းနည်းရလောက်တယ်"

ချင်ရိဟန်: "အင်း"

ထို့နောက် ရှုကျန်း ခိုင်းထားသည့် ကိစ္စတွေကိုလုပ်ရန် ထွက်လာလိုက်တယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now