EP25(U+Z)

10.8K 1.6K 58
                                    

..EP25 ဥက္ကဋ္ဌချင်မပျော်တော့ဘူး

ချင်ရိဟန်ရဲ့စကားက ချွီရီ နှင့် မာမားချွီကို
အံ့သြသွားစေတယ်၊သို့ပေမဲ့ သူတို့နှစ်ယောက်ရဲ့ခံစားချက်ကိုတော့ မပေါ်လွင်စေ
ခဲ့ဘူး။

ချင်ရိဟန် သူ့ကို စနောက်နေသလိုချွီရီ့
ခံစားမိနေတယ်။

ဘာလို့သူ့စကားတွေကို တထပ်ထဲတူအောင် ပြောလိုက်ရတာလဲ?

သူ့ဘာသာပြောတုန်းကတော့ ဘာမှမခံစားရပေမဲ့ ချင်ရိဟန် ပြောတာကို ကြားရတဲ့အခါ
အနည်းငယ်ရှက်ရွံ့စိတ်ပင် ဖြစ်လာမိတယ်။

သို့သော် , မာမားချွီကတော့ ချင်ရိဟန်စကားကို အလွန်အမင်းကျေနပ်နေပုံရတယ်၊သူသားဘဝလေးရဲ့ချိုမြိန်မှု ကို ခံစားမိနေတယ်။
ချွီရီ့ကို ကြည့်ရင်း ပြုံးလိုက်မိတယ်။

" မင်းတို့ အဆင်ပြေကြတယ်ဆိုရင်မားစိတ်ချနိုင်ပါပြီ"

မာမားချွီက ပြုံးတယ်,

" ရှောင်ရီရဲ့ အိမ်ထောင်ရေးအတွက် အမြဲစိတ်ပူနေခဲ့ရတာ, နောက်ဆုံးတော့ သူအဆင်ပြေသွားပြီ, သူ့ကိုလည်း အမြဲတမ်း
စိတ်ပူရတာမို့ အိမ်ထောင်ပြုဖို့ တိုက်တွန်း
နေခဲ့တာ, သူက အလုပ်ကိုပဲ အာရုံစိုက်ပြီး
ကြင်ဖော်မဲ့ မိသားစုကလည်း ဖြစ်နေတာမို့.."

မာမားချွီ အနည်းငယ် စိတ်လှုပ်ရှားနေပုံရတယ်၊ ထို့နောက် စိတ်ကို တည်ငြိမ်အောင်ထားရင်း ချင်ရိဟန်ကိုတောင်းဆိုလာခဲ့တယ်၊

" မင်းသူ့အပေါ် ကောင်းကောင်းမွန်မွန်လေးဆက်ဆံပေးမယ်မလား?"

ချင်ရိဟန်က အလေးအနက်ခေါင်းညိတ်ပြလာတယ်,

"ကျွန်တော်ဘက်က နွေးထွေးမှာပါ"

ချွီရီ့ ခေါင်းလေးငုံ့သွားတယ်။

ရှင်ရိဟန် တစ်ယောက် သူ့စကားတွေကို
ကူးယူပြီးနောက် ကတိပြုတဲ့စကားက
သူ့ကို လှောင်ပြောင်နေသလိုခံစားမိတယ်၊

အမှန်တကယ်သာဆို မစ္စတာချင် ပြောင်းလဲ လာပြီ၊

ညစာအတွက်က အခက်အခဲသိပ်မရှိခဲ့ဘူး၊
ချင်ရိဟန်လည်းရှိနေတာမို့ မာမားချွီနဲ့ ချွီရီ့တို့ သီးသန့်လည်း စကားပြောလို့မရဘူး၊ ချွီရီ့အား နှစ်ဖက်မိဘ ညစာစားရင်း တွေ့ဆုံဖို့
စီစဥ်ရန်သာ ပြောနိုင်ခဲ့တယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now