EP18(U+Z)

10.9K 1.6K 27
                                    

..EP18 ချွှီရီ့ အကြပ်ရိုက်ခြင်း

[ U ]

နောက်တနေ့ တွင် ချွီရီ့ တမနက်ခင်းလုံးအိမ်တွင်နေခဲ့တယ်၊ ချန်းကျန်းရှီ ပြန်မလာတော့ဘူးသေချာပြီဆိုမှသာစတူဒီယိုသို့ ကားမောင်း ထွက်လာလိုက်တယ်၊

လွန်ခဲ့သောနှစ်ရက်အတွင်းရာသီဥတုက သိသိသာသာအေးလာတယ်၊ တနေကုန်
တိမ်ထူနေပြီး မိုးရွာမယ့်အရိပ်အယောင်တွေကိုလည်း တွေ့နေရတယ်၊ချွီရီ့ ထွက်လာပြီးသည်နှင့် တပြိုင်နက် လေတိုက်လာပြီး
သူဝတ်ထားသည်ကလည်း အလွန်ပါးနေကြောင်း သိနေရတယ်။

ချွီရီ့ အပြင်ဘက်၌ ဆယ်စက္ကန့်ကျော်ရပ်နေမိတယ်၊ပြင်ပမှ ရာသီဥတု အပူချိန်ကို ခံစားမိပြီးနောက် အကျီအပေါ်ထပ်တထည် ပြန်ဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သို့သော် , သူအိမ်ပြန်ရောက်တဲ့အခါ သူနောက်ဆုံးဝယ်ထားတဲ့ အကျီတွေက နွေရာသီနှင့် ဆောင်းဦးရာသီအတွက် ဖြစ်ကြောင်း သူသတိရမိတယ်၊ပြီးတော့
သူ့အကျီတွေက ယခင်သူ့တိုက်ခန်းမှာပဲ
ရှိနေတယ်။

သူပြန်ယူရမလား?

ဒါမှမဟုတ် ချင်ရိဟန်ဆီက ငှားရမလား?

ချွီရီ သူ့လက်ထဲမှသော့လေးကို မြှောက်ကိုင်ကာဖမ်းရင်းနောက်မှသွားဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါကြောင့်မို့ ဒုတိယထပ်ဆီသို့လျှောက်လာရင်း ချင်ရိဟန်ဆီ ဖုန်းခေါ်လိုက်တယ်။

တဖက်က ဖုန်းကိုင်ဖို့ရာ အချိန်အတော်ကြာနေတယ်၊ ချွီရီ့ တဲ့တိုးပဲ ပြောလိုက်တယ်၊

"ဟယ်လို ? ဒီနေ့ နည်းနည်းအေးလို့ ငါ ကုတ်အကျီတွေလည်း ယူမလာမိဘူး၊ မင်းအကျီ
အရင်ငှားပြီးဒီညနေမှ ငါ အကျီပြန်ယူရမယ်"

တဖက်မှ သိပ်အဆင်ပြေပုံမရတဲ့ရယ်သံ
တစ်ခုထွက်လာတယ်,

"မစ္စတာချွီ , ကျွန်တော်ရှုကျန်းပါ, ဥက္ကဌချင်ရဲ့ လက်ထောက်ပါ"

တံခါးဖွင့်နေတဲ့ ချွီရီ့ လက်တွေ ရပ်တန့်သွားတယ်၊

" ဟယ်လို"

"ဥက္ကဌချင်က အစည်းအဝေးခန်းထဲရောက်နေလို့ , သူဖုန်းယူမသွားဘူး ခင်ဗျ"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now