EP56(U&Z)

8.9K 1.4K 125
                                    

.[ U ]

EP 56 ကိတ်မုန့်လေး

ချင်ရိဟန်ရဲ့ "ကိုယ်မင်းကို တွေ့ချင်လို့" ဆိုတဲ့ စကားကြောင့် ချွီရီ့ ထမင်းတစ်ပန်းကန်ပင်
ပိုထက်စားခဲ့မိတယ်။

ချင်ရိဟန် သူ့ကိုတွေ့ချင်တာကမည်သည့်အကြောင်း ကြောင့်ပဲ ဖြစ်ဖြစ်ထိုကဲ့သို့ပြောလာတဲ့ စကားတစ်ခွန်းနှင့်ပင်ချွီရီ့တစ်ညလုံး
ပျော်နေဖို့ရာလုံလောက်ပြီ။

ဝိုး..ချင်ရိဟန်ကသူ့ကို ချိုမြိန်မှုတွေပေးတယ်

ညစာစားပြီးနောက်ချွီရီ့အလျင်အမြန် ပန်းကန်ခွက်ယောက်တွေကိုဆေးကြောပြီး
သူအမေရှိရာဧည့်ခန်းဆီသို့ထွက်လာလိုက်တယ်။

မာမားချွီက တီဗီဇာတ်လမ်းတစ်ခုကိုကြည့်နေတယ်၊ချွီရီ့ ထွက်လာတဲ့အခါ , သူ့မိခင်က သူ့ကို လှမ်းကြည့်ပြီး စားပွဲပေါ်ရှိအခွံခွာထား
တဲ့လိမ္မော်သီးတွေကိုပေးလာတယ်။ချွီရီ့သူမ ပေးလာသည်အားယူလိုက်ပြီး ,

"ပန်းကန်တွေ ဆေးပြီးပြီ"

မာမားချွီက ချွီရီ့ကို အသေအချာကြည့်ရင်း,

"မင်းကိုမလုပ်ပါနဲ့လို့ပြောထားတယ်မလား?"

"ပန်းကန်နည်းနည်းပဲကို"

မာမားချွီက သူ့ကို ကြည့်လာပြီးနောက်
လိမ္မော်သီး တစ်လုံးထပ်ယူလိုက်တယ်။

ချွီရီ့ လိမ္မော်သီးတစ်စိတ်အားမျိုချလိုက်တယ်,

" မား, ကျွန်တော်မနက်ဖြန်ညပြန်မလာတော့ဘူး"

မာမားချွီက အံ့သြစွာပင်သူ့ကို လှည့်ကြည့်
တယ်,

"ဘာဖြစ်လို့လဲ? ရောက်လာတာမှ
မကြာသေးဘူးကို?"

ချွီရီ့ ရယ်လိုက်တယ်,

"ချင်ရိဟန်က ရက်အနည်းငယ်လောက်
မြို့တော်Qကို လာဖို့ ပြောလာလို့"

မာမားချွီက မျက်မှောင်ကြုံ့ထားရာမှရုတ်တရက် ပြေလျော့သွားပြီး ဝမ်းသာ
အားရပြုံးပြလာတယ်,

" အဲ့ဒီလိုလား,ဒါဆို ကောင်းတာပေါ့,
ငါပြောသလို မင်းတို့က ကြင်စဦးတွေလေ,
သူလည်း သွားတာကြာပြီဆိုတော့ မင်းကို
လွမ်းနေရှာမှာပေါ့"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now