EP23(U+Z)

10.9K 1.5K 37
                                    

..EP23 ကျွန်တော်လက်ထပ်လိုက်ပြီ

ချွီရီ့  ဖေးယွမ် အဆောက်အအုံရဲ့ တဖက်လမ်းဆုံတွင် ကားရပ်လိုက်တယ်၊ ချင်ရိဟန် လိုလူကသူ့ဝန်ထမ်းတွေနဲ့အတူ ဓာတ်လှေကားအတူစီးဖို့ တွန်းတိုက်ပြီးတက်
မသွားလောက်ဘူးမလား?

ချင်ရိဟန် ကလည်း အခြားတံခါးဘက်သို့
လျှောက်သွားတာကို တွေ့လိုက်ရတယ်။

ချွီရီ့ ချက်ခြင်း ပြန်ထွက်လာဖို့ မရည်ရွယ်ဘူး၊ပြတင်းတံခါးကို လျှောချပြီး ချင်ရိဟန်
သူ့မြင်ကွင်းထဲမှ ပျောက်သွားချိန် ထိစောင့်နေဖို့ရာ ဆုံးဖြတ်လိုက်တယ် ။

ချင်ရိဟန် ထွက်သွားသည်ကို ကြည့်နေရင်းမှ
တစ်စုံတစ်ယောက်က သူ့ကိုလှမ်းခေါ်လာတယ်၊

"ချွီရီ့ ?"

ချွီရီ့ ချက်ခြင်းလှည့်ကြည့်လိုက်မိချိန်
တဖက်လူကစကားစပြောလာတယ်,

" တကယ်ကြီး မင်းပဲ ...မင်းနဲ့တူပါတယ်
လို့ငါကြည့်နေတာ...တကယ်ကြီး
မင်းဖြစ်နေတာပဲ"

ချွီရီ့ ပြတင်းမှန်ကိုခပ်ကျယ်ကျယ်ဖွင့်ဟလိုက်ပြီး ပြတင်းနားမှလူကို ကြည့်လိုက်တယ်၊ ကျောပိုးအိတ်လွယ်ကာဂျာကင်တစ်ထည်ဝတ်ထားတယ်၊ထိုသူကသွေ့ခြောက်စွာပြုံးပြလာရင်း ,

" တိုက်ဆိုင်လိုက်တာ"

တကယ့်ကို အတော်လေး တိုက်ဆိုင်တာပဲ၊
ထိုသူက ပြီးခဲ့တဲ့အပတ်ကမှ သူနဲ့blind date
လုပ်ခဲ့တဲ့ ပရိုဂရမ်မာဆိုတဲ့ တစ်ယောက် ,
ကျိုးကျုံးလျန်ဆိုသူဖြစ်နေတယ်။ထိုသူက
သူ့အနီးသို့ တိုးကပ်လာသည့်အပြင် ပြတင်းပေါက်ဘောင်ပေါ်လက်ပင်တင်
လိုက်သေးတယ်။

ချွီရီ့ ခေါင်းလေး မျှော်ကြည့်လိုက်တဲ့အခါ
အထဲဝင်မယ့် ချင်ရိဟန်က မဝင်သေးတာကို
တွေ့နေရပြီး တံခါးဝတွင်ရပ်ကာသူတို့ဘက်သို့ လှည့်ကြည့်ကာ လှည့်ထွက်လာဖို့
ကြံရွယ်နေပုံရတယ်။

ကျိုးကျုံးလျန် ဆိုသူကလည်း စကားဆက်ပြောနေပြန်တယ်,

" ငါလည်း ခုတလောအရမ်း အလုပ်များတယ်, သုံးနာရီ လေးနာရီထိ အချိန်ပို ဆင်းနေရတယ်, ဒါပေမဲ့ အားရီက ငါ့ဆီ ဖုန်းခေါ်ပြီး
မင်းနဲ့ ပတ်သက်တဲ့သဘောထားကိုပြောပြတယ်"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now