EP70(U+Z)

7.6K 1.2K 51
                                    

[ U ]

EP70 ပြသနာတစ်ခု

ဖုန်းမပိတ်ခင်မှာပဲ ချွီရီ့ ချင်ရိဟန်ဆီ
မက်ဆေ့ ပို့လိုက်တယ်၊နောက်ပြီးသူ့မိုမန့်
ထဲကိုပါ တချက်ကြည့်လိုက်သေးတယ်။ကျောက်ရှင်ရဲ့ မိနစ်အနည်းငယ်က
'အားးး'ဟူသော မှတ်ချက်ကို တွေ့ရပြီး
နောက်ထက် 'အားးး"ဆိုသောမှတ်ချက်
တစ်ခုကိုပါထပ်တွေ့ လိုက်ရတယ်။

အကယ်၍ အချိန်သာရရင် ဒါကို ချွီရီ့
Screenshotရိုက်ပြီး ချင်ရိဟန်ကို
မေးရမယ်,

" မင်းဝမ်းကွဲညီက ဘာလဲ?"

အပြန်လမ်းတွင် ချွီရီ့ လေယာဥ်ပေါ်မှာ
အိပ်ပျော်လာခဲ့တယ်။

ခရီးစဥ်အစအဆုံး အတွေးများစွာဖြင့်
အိပ်ပျော်ခဲ့ပုံရတယ်၊ချွီရီ့ အိပ်ပျော်နေချိန်
ချင်ရိဟန်သူ့ကိုဖွင့်ပြောကြောင်းအိပ်မက်
မက်တယ်။

ချွီရီ့ အိပ်မက်ထဲမှာ ကောလိပ်ကျောင်းသား
လေးပဲရှိနေသေးတယ်၊သူက တက္ကသိုလ်
အေရဲ့အိပ်ဆောင်တွင်ဂိမ်းကစားနေချိန်
တစ်စုံတစ်ယောက်က အတန်းချိန်ရှိကြောင်း
ရုတ်တရက် သူ့ထံ ပြောလာခဲ့တယ်။

ချွီရီ့ တစ်ယောက်စာသင်ချိန်ရှိရာအဆောက်အဦးဆီသို့အလျင်အမြန်
ပြေးသွားခဲ့တယ်၊ အပြင်ဘက်တွင်
နေ့ခင်းဘက်မို့လင်းနေရာမှတခဏ
ချင်းညအချိန် ဖြစ်သွားတယ်။

အိပ်မက်ထဲတွင်မို့ ချွီရီ့ထိုထူးဆန်းမှု
ကို သတိမထားမိခဲ့ဘူး၊ထိုအစား,
နောက်မကျစေဖို့စာအုပ်တွေပိုက်
ကာစိုးရိမ်တကြီး ဖြင့်စာသင်ခန်း
ရှိရာသို့ အပြေးသွားနေခဲ့တယ်။

သူပြေးနေရင်းပင်ကော်ရစ်တာက
ပိုပိုမှောင်လာတယ်၊မီးဖွင့်ချင်ပေမဲ့
ခလုတ်ကိုလည်းရှာမတွေ့ပြန်ဘူး။
အတန်းချိန် အမှီသွားရရေးကိုသာ
စိတ်ရောက်နေတာမို့ ချွီရီ့သိပ်မစဥ်း
စားဘဲစာသင်ခန်းသို့သာတန်းဝင်သွား
လိုက်တယ်၊သို့သော်, စာသင်ခန်းထဲ၌
မည်သူမှ မရှိသည့်အပြင် တခန်းလုံးပါ
မှောင်မည်းနေတယ်။တံခါးဝမှာရပ်လိုက်
ချိန်သူ့အရှေ့မှ စာသင်ခန်းတံခါးက ရုတ်တရက်ပွင့်သွားတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now