EP86(Extra3)(U+Z)

4.6K 770 16
                                    

[ U ]

EP86ပထမဆုံးအကြိမ်တွေ့ဆုံမှု (အပိုင်း၃)

ရှုကျန်းရဲ့ ကားက မြို့တော်အေရဲ့ တဝက်မျှ
ရောက်နေပြီ။

သူတို့ ကားစထွက်လာချိန် ရှုကျန်း ဥက္ကဋ္ဌချင်ကို မေးတယ်,

"ဘယ်သွားမှာလဲ?"

ဥက္ကဋ္ဌကြီးက သူ့ဘေးရှိ လူကို ထပ်မေးတယ်,

"ဘယ်သွားမှာလဲ?"

ထိုသူက သတိလက်လွတ်ဖြင့်နောက်သို့
မှီနေရာမှထလာပြီး ကြုံရာ ဖြေတယ်,

"အင်း.. အင်း...ငါ့ကို အိမ်ပြန်ပို့ပေး"

ဥက္ကဋ္ဌချင်: " မင်းအိမ်က ဘယ်မှာလဲ?"

လူစိမ်း: " ဘယ်မှာလဲ? ငါမေ့သွားပြီ"

နောက်တော့ အနောက်ဘက်ဆီမှ
တိတ်ဆိတ်သွားတယ်။

ရှုကျန်း လမ်းပေါ်မှာသာကားပတ်
မောင်း နေရတယ်၊

ရှုကျန်း နေ့လည်က ဥက္ကဋ္ဌချင်အား
လိုက်ပို့ခဲ့တယ်၊ ဥက္ကဋ္ဌချင်ရဲ့ မိဘတွေက
ထို နေရာအနီးတွင် နေထိုင်သောကြောင့်
ဥက္ကဋ္ဌချင်က သူ့မိဘတွေနဲ့ ညစာစားရန်
အိမ်ပြန်တယ်လို့ ပဲ သူထင်မိတယ်။

ဒါပေမဲ့ .... 

ယောင်္ကျားတစ်ယောက်ကောက်
ယူလာတာလား?

ပြီးတော့ ထိုသူက မူးနေသေးတယ်၊

ရှုကျန်း ခေါင်းလေးမော့ပြီး နောက်ကြည့်
မှန်မှတဆင့် မသိမသာလေးကြည့်တယ်။

ထိုသူက အတော်လေးချောတဲ့လူငယ်တစ်ယောက်ဖြစ်တယ်၊ ပြီးတော့ ထိုသူကို သူ
တခါမှလည်း မမြင်ဘူးသလို ခုတလော
ဥက္ကဋ္ဌကြီးက မည်သည့် စီးပွားရေးလုပ်ငန်း
ရှင်နဲ့မှ ချိန်းဆိုထားတာမျိုး မရှိဘူး။

အမှတ်တမဲ့ ဆုံခဲ့တာလား?

လက်ရှိ အနေအထားအရဆို ဒါက အမှတ်တမဲ့ ဆုံတွေ့မှုလို့သူခန့်မှန်းမိတယ်။

" ဥက္ကဋ္ဌချင်"

ရှုကျန်း ခုလောလောဆယ် ဘယ်ညာ
လမ်းနှစ်ခွသို့ရောက်လာပြီမို့ အနောက်ခုံမှ
လူကိုသာမေးဖို့ ဆုံးဖြတ်လိုက်တယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now