EP64(U+Z)

8.7K 1.2K 35
                                    

[ U ]

EP64 ပြဇာတ်ကြည့်ခြင်း

မစ္စတာချင် အရမ်း တိုးတက်လာတယ်။

လူတွေကို ဘယ်လို စနောက်ရမလဲဆိုတာကို
သူခုမှသိလာပုံရတယ်။

ချင်ရိဟန်ရဲ့ကျေးဇူးကြောင့်,ချွီရီ့အတွေးတွေထဲချင်ရိဟန်ရဲ့စကားသံတွေနဲ့ပြည့်နေတယ်။

"ဝေးကွာမှုကို မလိုချင်ဘူးမလား,
ဝေးကွာမှုကို မလိုချင်ဘူးမလား,
ဝေးကွာမှုကို မလိုချင်ဘူးမလား..."

သူ့ရဲ့ အိပ်မပျော်မှုအားနီးကပ်သောအနေအထားဖြင့်ကုစားလို့ရနိုင်ခြင်းအား
ချင်ရိဟန်သိသွားသည်ကိုပင်သူ့အနေနဲ့
ရှက်ရွံ့နေခဲ့ရတယ်၊ခုလို မြို့တော် Qမှာ
သူတို့ ရှိနေချိန် ညတိုင်း ချင်ရိဟန်ကဝေး
ကွာမှု မရှိဖို့များကြံစည်နေမည်လား?

မဟုတ်နိုင်ဘူးမလား?

သူကပဲအနည်းငယ်အရိပ်အမြွက်ပေးသင့်လား?

ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့
အိပ်လို့မရတဲ့ပုံမျိုး......

အိပ်ရာက အရမ်းပျော့လွန်းလို့..

ဒါတောင်သူလည်းစိတ်ပါနေတာပဲ..

သူလုပ်နိုင်တယ်......သူခံနိုင်ရည်ရှိတယ်..

လည်စီးကလစ်လေးနဲ့ကစားရတာကို
သူကြိုက်တယ်...

ချင်~ ရိ~ဟန်~~

" မစ္စတာချင်, ကျွန်တော်တို့ရောက်ပြီ"

ဒရိုင်ဘာရဲ့ အသံက ချွီရီ့အားစိတ်ကူးတွေ
ထဲမှဆွဲထုတ်သွားတယ်။ထို့နောက်ချင်ရိဟန်ထံမှဒရိုင်ဘာအားကျေးဇူးတင်စကားပြောသံကို ကြားရတယ်။

မြို့တော် Qရဲ့ ဒီညလေတိုက်နှုန်းကမနေ့က
ညထက် ပိုပြင်းထန်တယ်၊ချင်ရိဟန် တံခါး
ဖွင့် လိုက်ပြီးနောက် , အပြင်တွင်ရပ်ကာ
ချွီရီ့ ဆင်းအလာကို စောင့်တယ်။

ချွီရီ့အင်္ကျီဇစ်ကိုအပေါ်ဆုံးထိ ဆွဲတင်လိုက်တယ်၊သူဆင်းလာတဲ့အခါ ချင်ရိဟန်ကကားဘေးတွင်ရပ်လျက်သူ့ကို လက်ကမ်းပေးလာတယ် ၊ချွီရီ့လည်း ချင်ရိဟန်ဆီလက်ပြန်ကမ်းလိုက်ပြီးနောက်မတ်တပ်ရပ်လိုက်တယ်၊

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now