EP87(Extra 4)(U+Z)

4.7K 782 23
                                    

[ U ]

EP 87ပထမအကြိမ်တွေ့ဆုံခြင်း (အပိုင်း၄)

သူတို့ ကောင်တာမှာ အခန်းတောင်းချိန်
ကလည်းချွီရီ့တစ်ယောက်အေးအေး
ဆေးဆေးပဲ။

ကောင်းပြီ၊

တကယ်တော့ သူက လူလိမ္မာလေးပါ၊

သူ့အိမ်ဘယ်မှာလဲဆိုတာကို မမှတ်မိခြင်းနှင့်
မေ့တတ်ခြင်းကြောင့် တဖက်လူက သူနှင့်
ပတ်သက်၍ ပြောဆိုရခက်တယ်လို့ထင်နေ
တဲ့ အတွက် သူကောင်းကောင်းမွန်မွန်ပဲ ပြန်
ပြောလိုက်တယ်။

ဒါပေမဲ့ နောက်ပိုင်း ချင်ရိဟန် ပြောသမျှကို
သူအကုန်တုံ့ပြန်တယ်။

ချင်ရိဟန်က သူအိမ်မပြန်နိုင်ပါက ဟိုတယ်
သွားမလားလို့ သူ့ကို မေးတော့ အင်းလို့သူ
ဖြေတယ်၊

သူ ကို ချငိရိဟန်ကဟိုတယ်ရွေးချင်သေးလားလို့ မေးတဲ့အခါ သူက မရွေးဘူးလို့
ဖြေလိုက်တယ်။

ချင်ရိဟန်ကဒီဟိုတယ်အဆင်ပြေလားလို့
သူ့ကို မေးလာပြန်တော့လည်း အဆင်ပြေ
တယ်လို့ သူပြန်ပြောခဲ့တယ်။

ချင်ရိဟန်ကမေးလာတယ်,သူ့ကိုယ်သူဘယ်သူလဲလို့ သိလား? သူက ငါ့နာမည် ချွီရီ့ လို့ပြောပြီး ကျေးဇူးတင်စကားပါပြောလိုက်တယ်၊

" ဆရာ,ကျေးဇူးပြုပြီးမှတ်ပုံတင်လေး
ပြပါ"

ဧည့်ကြိုကောင်တာမှ ဝန်ထမ်းက
ချင်ရိဟန်ကို ပြောလာတယ်။

ချင်ရိဟန်ထွက်သွားမည်ကို ကြောက်တာမို့
ယခင်အတိုင်း ချွီရီ့က ချင်ရိဟန်ရဲ့ အင်္ကျီကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတယ်။

ချင်ရိဟန်က လက်ဖြန့်ပြလိုက်ပြီး ,

" မှတ်ပုံတင်"

ချွီရီ့သူ့ အိတ်ထဲမှမှတ်ပုံတင်ကိုထုတ်လိုက်တယ်။

ချင်ရိဟန်က ဧည့်ကြိုထံ မှတ်ပုံတင်ပေး
လိုက် တဲ့အခါဧည့်ကြိုဝန်ထမ်းလေးက
ပြောလာတယ်၊

" အကယ်၍ လူကြီးမင်းတို့ နှစ်ယောက်လုံး
နေမယ်ဆို နှစ်ယောက်လုံးရဲ့ မှတ်ပုံတင်ပေး
မှရပါမယ်"

ချင်ရိဟန် ခေါင်းခါပြတယ်,

"ငါက မနေဘူး"

ဧည့်ကြိုဝန်ထမ်းက ဖြေတယ်,

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now