EP39(U+Z)

9.9K 1.5K 47
                                    

[ U ]

EP39 အိမ်ထောင်ရေးသစ္စာတရား

တကယ်တော့ , ချွီရီ့ကို တင်းကြပ်စွာဆွဲ
ကိုင်ထားတဲ့ ချင်ရိဟန်ရဲ့ အနေအထားက
လုံးဝသက်တောင့်သက်သာမရှိဘူး၊စက္ကန့်အနည်းငယ်အကြာ ချွီရီ့ စိုးရိမ်လာမိတယ်၊

သူက ပိုပြီး သက်တောင့်သက်သာဖြစ်တဲ့ အနေအထားကို ပြောင်းချင်ပေမဲ့သူနည်းနည်းလေး လှုပ်ရင်ချင်ရိဟန်ကပိုပိုပြီး
တင်းကြပ်အောင်ဖက်လာလိမ့်မယ်။

ချွီရီ့ တကယ်ပင်အိပ်ချင်နေပြီ,ချင်ရိဟန်ကိုလည်းသူဂရုမစိုက်နိုင်တော့ဘူး၊အင်း..အဲ
ဖြင့်သူဘာပြောနေမိမှန်းတောင်မသိတော့
ဘူး၊အရမ်းအိပ်ချင်နေတာမို့ ခဏအကြာ
သူအိပ်ပျော်သွားခဲ့တယ်။

ရင်ခွင်ထဲမှကောင်လေးအသက်ရူသံမှန်မှန်
ဖြင့် အိပ်ပျော်သွားမှ ချင်ရိဟန်သက်သာ
ရာရသွားတယ်။

တကယ်တော့, ခုလိုအနေအထားက သူ့အတွက် အဆင်မပြေဘူး,ဒါပေမဲ့သူဒီလို
အနေအထားလေးအားအရမ်းသဘော
ကျနေမိတာကို ကထူးဆန်းနေတာပင်။

ချွီရီ့ အိပ်ပျော်သွားကြောင်းအတည်ပြုပြီး
တဲ့နောက်သူလည်းအိပ်ပျော်သွားတယ်၊
သူ ခန္ဓာကိုယ်အား အနည်းငယ်ရွေ့လျား
လိုက်ချိိန်သက်တောင့်သက်သာဖြစ်တဲ့အ
နေအထားသို့ ရောက်ရှိသွားပြီးစောင်ကို
ဆွဲယူကာ အိပ်စက်လိုက်တယ်။

ချွီရီ့ ကတော့ယခင်သူ့နေရာသို့ပြန်ရွေ့သွားတယ်၊မနက်ဆယ်နာရီလောက်အိပ်ရာနိုးလာမှအချိန်ကို ပြန်ကြည့်မိတယ်။

မနက်အစောပိုင်းကချင်ရိဟန်ရဲ့နှိုးစက်
ထံမှ အသံထွက်လာသေးတယ်၊ချွီရီ့အဲ့ဒီအချိန်ကလည်း နိုးလာပြီးဗရုတ်သုခဖြစ်
သွားသေးတယ်။

ချွီရီ့ ချင်ရိဟန်ကို စိတ်ထဲ ကနေသဘော
ကျနေမိတယ်၊သူဘယ်ချိန်ပဲအိပ်ရာဝင်ဝင်,
သူဘယ်လောက်ပဲအိပ်တဲ့အချိန်နောက်ကျ
ပါစေ, နောက်တနေ့မနက်ဆိုသူ့အချိန်မှန်အတိုင်း ထမြဲဖြစ်တယ်။နှိုးစက်သံမြည်ပြီ
ဆိုချက်ခြင်း ထသွားပြီးဘယ်သောအခါမှ အိပ်ရာပေါ်ပျင်းရိစွာပင်ဆက်ပြီးလဲလျောင်းနေတာမျိုး မရှိဘူး။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now