EP45(U+Z)

9.8K 1.4K 28
                                    

[ U ]

EP45 ပင့်ကူတစ်ကောင်

ချွီရီ့ က ခုလို တွေ့ဆုံပွဲမျိုးပထမဆုံးအကြိမ် အဖြစ် တက်ရောက်ခြင်းဖြစ်တယ်။

ကင်မရာသမားတွေ၊ သတင်းထောက်တွေနဲ့
ခန်းမထဲ၌ သူမသိတဲ့လူတွေလည်းအများကြီး ရှိနေတယ်။

သူဒီကို မလာခင်ဒီလောက်ထိကြီးကျယ်ခမ်းနားတဲ့ ပွဲဖြစ်မယ်လို့ ချင်ရိဟန် ကြိုမပြောခဲ့ဘူး၊၊သူက သာမန် လူမှုရေး အရ
ပွဲတက်ရုံလောက်ပဲဟုသာ တွေးမိတယ်။

ထို့ကြောင့် သူ့တံခါးထဲသို့ဝင်လိုက်သည်နှင့်
ချွီရီ့ ချင်ရိဟန်နားတိုးကပ်သွားပြီးအသံတိုးတိုးဖြင့် မေးလိုက်တယ်,

"ငါက ဘယ်နေရာမှာထိုင်ရမှာလဲ?"

ချင်ရိဟန် ကလည်း တိုးတိုးလေးပဲ ပြန်ဖြေတယ်၊

"ကိုယ့်အနားမှာပဲနေ"

ချွီရီ့ ကြည့်လိုက်ချိန် စားပွဲပေါ်မှာနံမည်ဘုတ်ပြားလေးတွေ အများကြီးတင်ထားတာကို တွေ့ရတယ်၊ ချင်ရိဟန် ရဲ့ နံမည်ကအလယ်တွင်ရှိနေပြီး သူ့ဘေးရှိနေရာမှာတော့နာမည် မရှိဘူး။သူဘယ်မှာထိုင်ရမယ်ဆိုတာကိုချွီရီ
စဥ်းစားမိပြီ။

ချွီရီ့ ချင်ရိဟန်နောက်သို့ပဲ လိုက်လာခဲ့လိုက်တယ်၊ ခဏလောက်စဥ်းစားပြီးသူမေးမယ်လို့ ဆုံးဖြတ်လိုက်တယ်၊

" ဒီနေရာမျိုးနဲ့ ငါနဲ့ မသင့်တော်လောက်ဘူး
လို့မင်းမထင်ဘူးလား?ငါ့ကို ခေါ်လာပြီးဘာလို့ကျောင်းပတ်ဝန်းကျင်တဝိုက်လှည့်ပတ်
မကြည့်ခိုင်းတာလဲ"

ချင်ရိဟန်က သူ့ကို လှည့်ကြည့်တယ်,

" ဘာလို့ မသင့်တော်ရတာလဲ?"

ချွီရီ့ တီးတိုး ပင်,

"မင်းရဲ့ အလှုက ငါနဲ့ဘာမှမဆိုင်ဘူးလေ"

ချင်ရိဟန်က ဒါကို သဘောမတူးဘူး,

"မင်းက ကိုယ့်ရဲ့ အိမ်ထောင်ဖက်,
ကိုယ်လှုတာလည်းမင်းလှုတာပဲလေ"

ချွီရီ့ ပြုံးမိရင်း ချက်ခြင်းပဲ လက်ခံလိုက်
ရတယ်၊

"ဟုတ်ပါပြီ"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now