EP11(U+Z)

12.4K 1.6K 26
                                    

.[ U ]

EP11 ယောက္ခမ နှင့် စကားစမြည်

ချွီရိစိတ်မသက်မသာဖြင့်ဆိုဖာပေါ်ထိုင်ချလိုက်တယ်။

မနက်အစောပိုင်း စူပါမားကတ်က ဝယ်လာတဲ့ ပစ္စည်းတွေတောင် စားပွဲပေါ်မှာဒီအတိုင်းရှိနေသေးတယ်၊ချင်ရိဟန်က သူနှင့် ခပ်လှမ်းလှမ်း တနေရာတွင်ရှိနေပြီး ချင်ရိဟန်၏
မိခင်က သူ့ဘေးတွင်ထိုင်နေတယ်။

ရဲက ခတ္တခဏဖမ်းဆီးပြီးလက်ရှိတွင် ရုံးတင်၍ စစ်ဆေးနေသလိုပဲ၊ ရဲဘက်က
ဘာမေးလာမည်ကို မသိပေမယ့် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကိုတော့ သိပုံရတယ်၊ထိုအခိုက်
အတန့် သူ့စိတ်တွေဗလာဖြစ်နေတယ်။

သို့သော် , ချွီရိ၏ရုပ်ရည်ချောမောခြင်းနှင့်
သဘောထားကြီးသည့် အသွင်အပြင်ကြောင့်
အတွင်းပိုင်း၌မသက်မသာဖြစ်နေသော်လည်း
ရုပ်ထွက်ကောင်းနေဆဲပင်၊မည်သည့်မေးခွန်းကိုမဆိုဖြေဆိုနိုင်လျက်အရာအားလုံးအား
လွှမ်းမိုးချုပ်ကိုင်ထားနိုင်သလိုပုံစံဖြင့်ရှိနေတယ်။

စားပွဲပုလေးပေါ်၌ လက်ဖက်ရည်ခွက်လေးတွေလည်းရှိနေတယ်၊မနက်စောစောမို့ မည်သူကမှ ရေနွေးကြမ်းသောက်ဖို့စိတ်မဝင်စားလောက်ဘူး၊ ချင်ရိဟန်ကလည်း
ထိမည့်ပုံ မပေါ်သည်မို့ ချွီရိလည်း ဒီတိုင်း
နေလိုက်တယ်။

အရင်တခါက အပြင်ဘက်၌ လွတ်လပ်ဖော်ရွေစွာပင် ပွင့်ပွင့်လင်းလင်းစကား
ပြောခဲ့သည့်အန်တီကြီးက ရုတ်တရက်
စကားနည်းပြီး ငြိမ်သက်နေတယ်၊သူ(မ)
ကချွီရိကို အရင်ကြည့်တယ်၊ရင်းနှီးမှု
မရှိခြင်းကြောင့်လဲဖြစ်နိုင်တယ်၊ သူ့ကိုအချိန် အတော်ကြာစိုက်ကြည့်နေပြီးမှစိတ်မသက်မသာဖြစ်ပုံဖြင့် တဖက်လှည့်သွားတယ်။

သူ့သားဆီ လာတုန်းကနဲ့လုံးဝမတူဘူး။

ချွီရိကိုကြည့်ပြီးနောက်အန်တီကြီးက
ချင်ရိဟန်ကိုစေ့စေ့ကြည့်တယ်၊ နူးညံ့သော အကြည့်တွေထဲဒေါသအကြည့်တို့အနည်း
ငယ်ရောယှက်နေတာမို့ချွီရိထိတ်လန့်
လာမိတယ်။

ချင်ရိဟန်ကတော့ ကြောက်ရွံ့မှုပင် မရှိလျက်
ခပ်မတ်မတ်ထိုင်ကာသူ့မိခင်ကို ပြန်၍ပင်
ကြည့်နေတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now