EP 75(U+Z)

7.3K 1.2K 56
                                    

[ U ]

EP 75 ချစ်ဖို့ကောင်းတဲ့ ခင်ပွန်းသည်

ဖျားနေသူက ချွီရီ့ ဖြစ်တယ်။

ပင်ပန်းသွားသူကလည်းချွီရီ့ပဲ။

ဒီနေ့ ချင်ရိဟန် အရင်ကထက် ပိုပြီးတက်
ကြွနေတယ်၊အရင်ကဆို , ချွီရီ့အား သူ့ကို
လောင်ရှီး တို့ လောင်ကုန်းတို့လောက်သာ
ခေါ်ခိုင်းတယ်။ဒီနေ့ တော့,အဲ့ဒါတွေအပြင်,
ချွီရီ့အားသူ့ကို ကြိုက်တယ်ဆိုတဲ့စကားပါ
အပိုထပ်ဆောင်းလာစေတယ်။

ချွီရီ့ ပြောပြီးလည်း သူထပ်မေးတယ်။

"မင်းကိုယ့်ကို ဘယ်လောက်ကြိုက်လဲ?"

"ငါမင်းကို အရမ်းကြိုက်တယ်"

"ကိုယ့်ကို ခေါ်ပြီး ပြန်ပြော"

"လောင်ကုန်း, ငါမင်းကိုအရမ်းသဘော
ကျတယ်"

"ကိုယ်လည်း မင်းကို အရမ်းသဘောကျတယ်"

.....

ညနေပိုင်းတွင် , ချွီရီ့ ညစာစားပြီးနောက်
အပူကျဆေးထပ်သောက်တယ်၊ ချင်ရိဟန်က
အလုပ်ရှိသေးတာမို့ ထမင်းစားပြီးတဲ့နောက်
စာကြည့်ခန်းထဲ ဝင်သွားတယ်။

ချွီရီ့ ဘာမှလုပ်စရာမရှိတာမို့ ချင်ရိဟန် ရှိရာ စာကြည့်ခန်းဆီသို့ လိုက်သွားလိုက်တယ်။

အစပထမတွင် ,ဘေးတွင်ထိုင်ပြီး စာအုပ်
စင်ပေါ်ရှိ စာအုပ်တစ်အုပ်အားရှာဖတ်တယ်၊ ခဏအကြာချွီရီ့ ပျင်းလာတယ်။

ထို့နောက် သူ့ ရဲ့ စိတ်ဝင်စားမှုကို ချင်ရိဟန်ထံ ပြောင်းလဲလိုက်တယ်။

ချင်ရိဟန်က စိတ်ဝင်တစားစာရိုက်နေတယ်၊
စာကြည့်ခန်း တစ်ခုလုံးတွင် သူ့ရဲ့ ကီးဘုတ်သံသာကြီးစိုးနေတယ်၊ ချွီရီ့ စာအုပ်ကို ပြန်
ချထားပြီး ချင်ရိဟန်ကို ကြည့်ရန် စားပွဲပေါ်
လဲ လျောင်းလိုက်တယ်။

သူကြည့်နေရင်းက ချွီရီ့ အကြံဆိုးလေး
ဝင်လာတယ်။

အဖျားက ပဲ သူ့ကို တွန်းအားပေးလေသလား? တမင်တကာပင် အဖျားကို အကြောင်း ပြချက်လုပ်ချင်တာလား
ဆိုတာကို သူမသိဘူး၊ ချွီရီ့ ချင်ရိဟန်ရဲ့
ပေါင်ကိုငေးကြည့်နေတယ်၊ ခဏအကြာ
သူမတ်တပ်ရပ်ပြီး ချင်ရိဟန် ပေါ် တက်
ထိုင်လိုက်တယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now