EP41(U+Z)

9.7K 1.6K 90
                                    

[ U ]

EP 41 ကျွန်တော့်မှာ ခင်ပွန်းလေးရှိတယ်

ချွီရီ့ ဂျာစီလေးအား ရတနာလေးတစ်ခု
လိုအသေအချာခေါက်ပြီးအိတ်ထဲပြန်
ထည့်လိုက်တယ်။

သူ့ကိုယ်သူပင် အရူးတစ်ယောက်လိုဖြစ်မနေစေဖို့ အတွက် အနည်းငယ်တည်ငြိမ်အောင်
ကြိုးစားလိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

ချွှီရီ့ ချင်ရိဟန်ကို ကျေးဇူးတင်လိုက်မိတယ်။

"ကိုယ့်ကို အားနာနေဖို့ မလိုပါဘူး"

ချွီရီ့ ခေါင်းလေးခါပြီး ,

" ဘယ်လောက်ပဲ ရင်းနှီးပါစေလက်ဆောင်ပေးရင် ကျေးဇူးတင်စကားတော့ပြောရမယ်လေ"

ချင်ရိဟန် ကသူ့စကားအတွက်ကျိုးကြောင်းဆီလျော်မှုအားတွေးကာခေါင်းညိတ်ပြလာတယ်။

ချွီရီ့ စက္ကန့် အနည်းငယ်ကြာသည်အထိ
စောင့်နေမိပြီးချင်ရိဟန်ထံမှ "ဟုတ်ပါပြီ"
ဆိုတာကိုကြားလိုက်ရတယ်။

ချွီရီ့ ပြုံးကာ သူ့ကို ကျေးဇူးတင်ကြောင်း
ထပ်ပြောလိုက်တယ်၊

"ကျေးဇူးတင်ပါတယ်..."

သူခဏစဥ်းစားပြီး နောက် ထပ်ပြောလိုက်တယ်၊

"....လောင်ကုန်း"

ကျေးဇူးတင်ပါတယ်..လောင်ကုန်း!!

ချင်ရိဟန် အံ့အားသင့်သွားရာမှဒီတကြိမ်တော့သူတကယ်ကြီးဝမ်းသာသွားပြီ။

"ဒီကိုလာပါဦး"

ချင်ရိဟန် မတ်တပ်ရပ်ကာ ချွီရီ့ကို ခေါ်တယ်၊

ချွီရီ့ မတ်တပ်ရပ်ကာလျှောက်သွားလိုက်ပြီး ချင်ရိဟန် အနီးသို့ရောက်ခါနီးချင်ရိဟန်က ရုတ်တရက် သူ့ကို ဆွဲခေါ်လိုက်တယ်။

တိုက်ဆိုင်မှု သော်လည်းကောင်း,တမင်
တကာရည်ရွယ်၍သော်လည်းကောင်း
ချွီရီ့ ခြေမခိုင်ဘဲချင်ရိဟန်ရဲ့ရင်ခွင်ထဲသို့
ရောက်သွားလေတယ်။ထို့နောက်ချင်ရိဟန်က သူ့ပခုံးကိုကိုင်ပြီး ခေါင်းလေးစောင်းကာသူ့ကို နမ်းတယ်။

အနမ်းကာလက တိုတောင်းတာမို့
သူတို့နှုတ်ခမ်းချင်းထိကပ်ရုံလေးဖြင့်
အဆုံးသတ်သွားတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now