EP48(U&Z)

9.1K 1.4K 33
                                    

[ U ]

EP 48  မာမားချင်နဲ့ တွေ့ဆုံရာ

ချွီရီ့ တကယ်ပင်ပန်းနေပြီ။

အိမ်နှင့် ဆိုင်က သိပ်မဝေးသည့်တိုင်
ကားထဲမှာ သူအိပ်ပျော်သွားခဲ့တယ်။

အိပ်တဝက်နှိုးတဝက်အနေအထား၌
ရှောင်ချန်း ချင်ရိဟန်ထံ ဖုန်းခေါ်နေတာကို
သူကြားနေရပြီး မစ္စတာချွီ အားခေါ်လာပြီ
ဖြစ်ကာယခုလမ်းတွင် ပြန်လာနေပြီ ဖြစ် ကြောင်း ပြောနေခဲ့တယ်။

ချင်ရိဟန်ကသူ့ပုံစံအတိုင်း 'အင်း 'ဟုတုံ့ပြန်တယ်။

အဲ့ဒီနောက် ဘာမှမကြားရတော့ဘူး။

တဖြေးဖြေးဖြင့် ကားကလူနေထိုင်ရာဧရိယာထဲဝင်လာပြီး ခြံတံခါးဝထိရောက်လာတယ်၊
ချွီရီ့ ရှောင်ချန်းကိုကျေးဇူးတင်စကားပြောပြီးအိမ်ထဲသို့သာမောင်းဝင်ဖို့ ပြောလိုက်တယ်၊

ချင်ရိဟန် က သူ့အတွက်မီးတွေဖွင့်ထားတယ်၊တတ်နိုင်သမျှဆူညံသံမဖြစ်အောင်
ထိန်းသိမ်းကာ အလျင်အမြန် ရေချိုးပြီး အိပ်ရာဝင်လိုက်တယ်၊နှိုးစက်တွင်အလန်း
ပေးပြီးမီးတွေပိတ်လိုက်တယ်။အခန်းတစ်ခန်းလုံးမှောင်သွားပေမဲ့ ချွီရီ့ချင်ရိဟန်ရဲ့
လှုပ်ရှားမှုကို တွေ့နေရတယ်၊ ချွီရီ့'မင်းအိပ်နေပြီလား ?'ဟု တိုးတိုးလေးမေးလိုက်တယ်။

ချင်ရိဟန် :" ဟင့်အင်း"

"ငါကြောင့် မင်းနိုးသွားတာလား?
ဒါမှမဟုတ် မအိပ်သေးတာလား?"

"ကိုယ်မအိပ်ရသေးတာ"

ချွီရီ့ နှုတ်ခမ်းတွေကို သပ်လိုက်ရင်း,

" မင်းအိပ်မပျော်လို့လား?"

"အင်း"

ချွီရီ့ ခဏမျှစဥ်းစားပြီး ရှင်းပြလိုက်ခြင်းက
ပိုကောင်းလောက်တယ်လို့သူတွေးမိတယ်။

" ဒီည လုပ်တဲ့ဒီဇိုင်းကငါ့ ဖောက်သည်ဆီ မနက်ဖြန်မနက်အပ်ရမှာမို့ အရေးကြီးလို့
လုပ်နေရတာ"

"အင်း "

ချင်ရိဟန်ရဲ့ အသံကအလွန်တည်ငြိမ်နေပြီး
အိပ်ချင်နေပုံရတယ်။

ချွီရီ့ လည်းအိပ်ချင်နေပေမဲ့ ချင်ရိဟန်နိုးနေ သေးတဲ့အတွက်သူ့ ခန္ဓာကိုယ်အား အနည်း ငယ်ရွေ့လျားကာ ချင်ရိဟန်အနီးသို့တိတ်
တဆိတ်တိုးကပ်လိုက်တယ်။မျှော်လင့်ထားသည့် အတိုင်း ထိုလှုပ်ရှားမှု နှင့်အတူ ချင်ရိဟန်ကလည်း အလိုက်တသိ ရွေ့လျားလာတယ်။မရှေးမနှောင်းဆိုသလိုပင် ချင်ရိဟန်
က သူ့အား ရင်ခွင်ထဲသို့ဆွဲယူလာလေရဲ့။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now