EP3(U+Z)

14.6K 1.9K 66
                                    

.[ U ]

EP3 အကြံလေး ပေးပါစေ

ချွီရီ နေ့လည်ဘက်၌ အလွန်အမင်းစိတ်လှုပ်ရှားနေတာမို့ အော်ဒါအများအပြား
လွဲချော်သွားခဲ့သေးတယ်။

အရပ်ဘက်ရေးရာဗျူရိုမှ ပြန်လာပြီးတဲ့နောက်ချွီရီ တစ်ယောက်သူ့ စိတ်အခြေအနေအား အနည်းငယ်ထိန်းညှိပြီးဒီနေ့ မဖြစ်မနေပြီးရန်လိုအပ်တဲ့ မူကြမ်းအားလုံးကိုအလုံးစုံပြီးမြောက်စေတယ်။

ချွီရီ နေဝင်ချိန် မှောင်သည်အထိအလုပ်လုပ်ခဲ့ပြီး နောက်ဆုံးတွင် သူ့ရုံးခန်းမှ ထွက်ခွာမည့်အချိန် သူ့ ဝန်ထမ်းနှစ်ဦးက ပိုစတာဒီဇိုင်းတွေကို ဆက်လက်လုပ်ဆောင်နေသည်အားသူတွေ့လိုက်ရတယ်။

"မင်းတို့ စားပြီးပြီလား?"

ချွီရီက ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်ပြီး
သူတို့ ကြားထဲမှာဝင်ထိုင်လိုက်တယ်၊သူဖုန်းကိုထုတ်လိုက်တဲ့အချိန် မျှော်လင့်ထားသည့်အတိုင်း "မစားရသေးဘူး"ဟုပြောလာကြတယ်။

ည7:30ရှိပြီး ဖြစ်နေပြီမို့ အလုပ်ကနေ့တိုင်းပင် ခုလိုအခြေအနေကနေ့စဥ်ဖြစ်နေတယ်။

ချွီရီ ကသူ့ အတွက် အစားအစာတစ်ခုအော်ဒါမှာမှာမို့ ရှောင်ရှောင်နဲ့ ကျန်းရုန်ရုန်တို့အတွက်ပါထပ်ပေါင်းကာမှာပေးလိုက်တယ်၊နာရီဝက်လောက်အကြာတွင် အစားအစာတွရောက် လာတယ်၊ချွီရီကသူတို့ ဝေစုအားပေးရင်းသုံးယောက်သားအတူ ဧည့်ခန်းမှာစားကြတယ်။

"သူဌေး , ဒီနေ့ ကိစ္စတစ်ခုခု ရှိလို့လား?ဘာလို့ ရုတ်တရက်suitတွေထဝတ်တာလဲ?'

ရှောင်ရှောင်ကကုလားထိုင်ကိုဆွဲယူရင်းချွီရီ ကို မေးလာတယ်။

ချွီရီ ခြောက်ကပ်စွာ ရယ်မောလိုက်ရင်း,

ငါဒီနေ့ပဲလက်ထပ်လိုက်ပြီ ...

ဆိုတာကိုဘယ်လိုမှသူ့ပါးစပ်ကထွက်မလာခဲ့ဘူး။

ကျန်းရုန်ရုန်က သူ့အဖြေကို မစောင့်ဘဲ
စိတ်အားထက်သန်စွာမေးလာတယ်၊

" သူဌေး, ဒီနေ့ လာတဲ့ လူကြီးမင်းနဲ့ Blind Dateသွားတာလား?"

မကြာသေးမီ က သူ blind date လုပ်နေတာကို သူ့ဝန်ထမ်းတွေ အကုန်သိနေကြတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now