EP59(U+Z)

8.6K 1.3K 81
                                    

[ U ]

"အရမ်းခက်ခဲ တယ်ကွာ" ဆိုတဲ့ စကားကို
ချင်ရိဟန်ပြောလိုက်တဲ့အခါ ကျောက်ရှင်
ကိုလှုံ့ဆော်သလို ဖြစ်သွားစေတယ်။

ကေျာက်ရှင်ထံမှ မိနစ်ဝက်မပြည့်မီပင်
မက်ဆေ့ အစောင်ရေ ဆယ်စောင်ထက်မနည်း ပို့လာတယ်၊ တခန်းလုံး WeChatမှ
အသိပေးချက်အသံများ ပြည့်သွားတယ်၊

" အချိန်ယူလေ,ကောကော"

" ကောက ခုမှအစရှိသေးတယ်"

"ကောက အခုမှကြင်စဦးလေ,
ကောက အခုမှစလိုက်မှာလေ"

" ပြီးတော့ တစ်ခုရှိသေးတယ် ,ကော"

" ကောက မရီးရှေ့ ဘယ်လိုပုံနဲ့နေလဲ ကျွန်တော်မသိဘူး"

"ဒါပေမဲ့ ကျွန်တော်တို့ ရှေ့မှာတော့
ကောကမတုန်မလှုပ်ကြီး"

" အဲ့လိုကြီးက သူနဲ့မရင်းနှီးလိုဘူးဆိုတဲ့
ခံစားချက်ကို ပေးတယ်"

" ကောက မရီး အပေါ် ပိုနူးညံ့ပေးရမယ်"

" အရမ်း ရိုးအမနေနဲ့"

" ကောသူ့ကို နွေးနွေးထွေးထွေးဆက်ဆံတာကို မရီး မြင်အောင်ပြတတ်ရမယ်"

ချင်ရိဟန် ရေတစ်ဖန်ခွက်ကို ကိုင်ပြီး ကျောက်ရှင်ပို့လာတဲ့ မက်ဆေ့တွေကို
အသေအချာဖတ်တယ်။

မက်ဆေ့ အနည်းငယ်သာဖြစ်ပေမဲ့ သူ့မှာ
အချိန်အတော်ကြာအောင်ဖတ်နေရတယ်။

လူကသာဖုန်းကြည့်နေပေမဲ့ အတွေးတွေ
က လည်း ဟိုရောက်လိုက််ဒီရောက်လိုက်နဲ့။

မိနစ်အနည်းငယ်အကြာမှ ရေသောက်ပြီး
ကျောက်ရှင်ကို စာပြန်လိုက်တယ်။

"ဟုတ်ပြီ"

"ကျေးဇူးပါ"

ရေချိုးခန်းတံခါးဖွင့်သံကြားရချိန်သူမေ့ာ
ကြည့်တော့ ချွီရီ့ ရေချိုးခန်းထဲမှထွက်လာပြီ၊

ချင်ရိဟန် ဖုန်းပိတ်လိုက်ပြီးအိတ်ကပ်ထဲ
ထည့်ကာချွီရီ့ အတွက်ရေတစ်ခွက်ထည့်
ပေးရန်လုပ်လိုက်တယ်။

" မင်း ရေသွားချိုးလို့ရပြီ"

ချွီရီ့ က ချင်ရိဟန် အနီးသို့လျှောက်လာပြီး
သူ့ကို ကမ်းပေးလာတဲ့ရေခွက်ကိုယူတယ်၊

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now