EP19(U+Z)

11K 1.5K 36
                                    

ကျန်းခိုင်က ချင်ရိဟန်ကို ဘာကြောင့်ထည့်သွင်းမစဥ်းစားလဲဆိုတာကအံ့သြစရာတော့
မဟုတ်ဘူး၊ ချင်ရိဟန်က ဝတ်စုံပြည့်ဝတ်ဆင်ထားလျက် စကားလည်းပြောမလာခဲ့၊ လက် ကောက်ဝတ်တွင် ဝတ်ရုံထူတစ်ခုကို ကိုင်ထားလျက် တံခါးဝ၌ ယဥ်ကျေးစွာပဲရပ်နေတယ်။
ကျန်းခိုင်က တံခါးဆီသို့ နောက်ပြန်ဆုတ်ပြီး
ချွီရီ့ ရဲ့ customerဟုထင်ကာ သူ့ကို တချက်လေးပဲ လှည့်ကြည့်လိုက်တယ်။

ချွီရီ့ က ကျန်းခိုင်ရဲ့ အကျီကို ချွတ်ပြီး သူ့ဆီ အမြန်ပေးလိုက်တယ်၊ ကျန်းခိုင်မယူတဲ့အခါ
သူ့ဘေးကုလားထိုင်ပေါ်တင်ထားလိုက်တယ်၊

ကျန်းခိုင်က ချွီရီ ရဲ့ အိမ်ထောင်ရေး အကြောင်း တွေးနေပေမဲ့ ယခုတွင်မူ
အနည်းငယ်ငြိမ်သက်သွားတယ်၊ တံခါးဝ
မှာ တစ်စုံတစ်ယောက်ရပ်နေသေးတယ်လို့
ထင်တာမို့ အသံတိုးတိုးဖြင့် မေးလာပြန်တယ်၊

" အဲ့ဒါဘယ်သူလဲ? ဘယ်သူလဲအတိအကျပြော?"

ချွီရီ့ ကျန်းခိုင်ကို ပြုံးပြလိုက်တယ်,လျှောက်လာရင်းမှ တံခါးဝဆီ ညွန်ပြလိုက်တယ်။

ကျန်းခိုင်လည်းသူ့လမ်းညွှန်ချက်လိုက်
ကြည့်လိုက်တဲ့အခါ ချင်ရိဟန် ရဲ့မျက်နှာကို
ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်၊

ထိုအခိုက်အတန့် ခဏမျှ ငြိမ်သက်သွားပြီး
မှရုတ်တရက် မိုက်တယ်ကွာ ဟူသော အသံထွက်လာတယ်၊

ချွီရီ့ :"......."

ချင်ရိဟန်က ကျန်းခိုင်ကို သိတာမကြာသေးတာ မို့မိုက်တယ်ကွာဆိုတဲ့ အဓိပ္ပါယ်
ကိုသူနားမလည်ဘူး။ကျန်းခိုင်ရဲ့အပြုအမူကို တားဆီးဖို့ရာအတွက် ချွီရီ့ ချက်ခြင်း
ချင်ရိဟန် ဘေးမှာ ရပ်လိုက်တယ်။

"မင်းနဲ့ မိတ်ဆက်ပေးမယ်"

ချွီရီ့ ကျန်းခိုင်ကို ပြောတယ်,

"ဒါက ငါ့အမျိုးသား,ချင်ရိဟန်"

ထို့နောက် ချွီရီ့က ချင်ရိဟန်ကို ကြည့်ပြီး ,

"သူကငါ့သူငယ်ချင်း ကျန်းခိုင်"

ကျန်းခိုင်တစ်ယောက်ခုထိ အံ့အားသင့်နေဆဲ၊

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now