EP12(U+Z)

12.8K 1.7K 28
                                    

.[ U ]

EP12 ဥက္ကဋ္ဌချင်နှင့် သူ့အပင်များ


ချွီရီ့ချင်ရိဟန်အား ထပ်မံ၍ ကျေးဇူးတင်မိတယ်။

နှစ်ဖက်မိဘတွေ့ဆုံပွဲအား ချင်ရိဟန် စီစဥ်မည်ဟု ပြောပြီးနောက် မာမားချင်က ချွီရီ့
မိသားစု အကြောင်းဆက်မမေးတော့ဘူး၊
မားမားချင် က ချင်ရိဟန်ကို ကြည့်ရင်း ,

"မင်းက စီစဥ်ပေးမယ်? မင်းက ဒီလောက်အလုပ်များနေတာကို ငါတို့က ဘယ်ချိန်ထိ
စောင့်ရမှာလဲ ?"

ချွီရီ့လည်းရယ်မိရင်းဘာမှတော့ပြန်မပြောမိ။

လောလောဆယ်သူ့မိသားစုကိုသူလက်ထပ်ထားသည့်အကြောင်းချွီရီ့ ပြောမပြချင်ဘူး။
ခုလည်း တဖက်လူရဲ့ မိဘအားဘာမှ
မပြင်ဆင်ရဘဲ ရုတ်တရက်ကြီးပထမဆုံး အကြိမ် အဖြစ်တွေ့ဆုံရခြင်းပင်။

သုံးယောက်အတူယာဂုစားကြချိန်မှ
စိတ်သက်သာရာရစွာပင်သက်ပြင်းချ
လိုက်မိတယ်။

ဒီမနက်က အမှန်တကယ်ကျဘာမှမဟုတ်
ပေမယ့်တမူလည်းထူးထူးခြားခြားလေး
ရှိနေလေရဲ့။

မာမားချင်က လုပ်စရာရှိတာတွေကိုအကုန်လုပ်ပေးခဲ့တယ်၊ မနက်စာစားပြီးနောက်,
ချွီရီကိုတောင် ပန်းကန်ဆေးခွင့်မပြုဘဲ
အိမ်မှ မပြန်မီ သူ(မ)ကိုယ်တိုင် အကုန်လုံး
ဆေးကြောသိမ်းဆည်းပေးခဲ့တယ်။

ချင်ရိဟန်က ဒရိုင်ဘာကိုခေါ်ပြီး မိခင်ဖြစ်သူအား ပြန်ပို့စေတယ်၊မပြန်ခင် , ချင်ရိဟန်နဲ့
ချွီရီ့ တို့ မာမားချင်အား အိမ်တံခါးဝထိအတူ
လိုက်ပို့ခဲ့ကြတယ်။ မာမားချင်က မကြာခဏ
လာနေကြမို့ စကား အပို မပြောတော့ဘဲ
တစ်ခုခု အခက်အခဲရှိပါက သူ့ဆီ ဖုန်းဆက်ဖို့ကိုသာရိုးရိုးသားသားမှာကြားသွားခဲ့တယ်၊
ထို့နောက် ကလေးနှစ်ယောက်အားနှုတ်ဆက်၍ပြန်ဖို့ ပြင်တယ်၊

ကားထဲရောက်ပြီးမှမာမားချင်ကကားပြတင်းမှချင်ရိဟန်ကိုကြည့်ရင်းပြောလာတယ်၊

"နှစ်ဖက်မိသားစု အမြန်ဆုံး တွေ့ဆုံဖို့
လုပ်ရမယ်၊ဒီလို ကိစ္စကသိပ်အကြာကြီး
နှောင့်နှေးနေလို့ မရဘူး"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now