EP32(U+Z)

10.3K 1.4K 51
                                    

..[ U ]

EP32 ကျောင်းတွေ့ဆုံပွဲ

ချွီရီ့ တစ်နာရီကျော်ကြာသည်အထိ
ပုံသုံးပုံအား တည်းဖြတ်နေခဲ့ပြီးတစ်ခု
ကို သူ့  ကွန်ပျူတာ desktopအဖြစ်
အသုံးပြုပြီး တစ်ခုအား ဖုန်း နောက်ခံ ပုံအဖြစ်အသုံးပြုကာကျန်တစ်ခုကိုတော့
ချင်ရိဟန်အတွက် Chat နောက်ခံအဖြစ်သတ်မှတ်ထားလိုက်တယ်။

တကယ်သာဆို ချွီရီ့ တစ်ယောက် ထိုနေရာလေးအား ကျန်းခိုင်ထံ screenshotရိုက်ပို့
လုနီးနီးပဲ။အဲ့လိုဆို 'ငါ့ကို သနားပါဦး'လို့ ကျန်းခိုင်ပြောတာကို သူကြားရလိမ့်မယ်။

ထိုညမှာပဲချွီရီ့ တစ်ယောက် ချင်ရိဟန်
အားဖွင့်ပြောသည့် အိပ်မက်တစ်ခုကို
မက်ခဲ့တယ်။

များပြားလှသောနှင်းဆီပွင့်ချပ်တွေက ကြမ်းပြင်ထက်၌ ကျဲ ပြန့်နေလျက်ပန်းရောင်
ဖယောင်းတိုင်လေးတွေကိုလည်း ထွန်းညှိ
ထားတယ်။ချွီရီ့ ပန်းစည်းကြီးကိုင်ပြီး
ချင်ရိဟန် အိမ်ပြန်အလာကို စောင့်ဆိုင်း
နေခဲ့တယ်။

ထို အိပ်မက်ထဲ၌ လက်ထပ်ခွင့် တောင်းသ
လိုမျိုးပဲ၊ဘေးမှာလူတွေအများကြီးလည်းရှိနေတယ်၊ ကျန်းခိုင်လည်းရှိတယ်၊သူ့မိဘတွေလည်း ရှိတယ်, သူငယ်ချင်းတွေလည်းရှိနေကြတယ်။

ချင်ရိဟန် ပြန်မလာသေးတာကြောင့် အားလုံးက နောက်ပြောင်နေကြတယ်။
ချွီရီ့ ၏သူငယ်ချင်းတွေက ချွီရီ့အား
အစီအစဥ် အလိုက် ကူညီပေးနေခဲ့ပြီး
သူ့ကိုလည်း စိတ်မပူဖို့ ပြောနေကြတယ်၊သို့သော် ချင်ရိဟန် အိမ်ပြန်ရောက်တဲ့အခါ
ဧည့်ခန်းထဲရှိ လူတွေအကုန် ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန် ကြတယ်။

အိပ်မက် ဖြစ်နေတာမို့  ချွီရီ့ စိတ်ထဲ
ထူးဆန်းသလို မခံစားမိဘူး။

ချင်ရိဟန်ဝင်လာတဲ့အခါ သူကပျော်ရွှင်စွာပဲ ပန်းတွေကို ချင်ရိဟန် ထံပေးလိုက်တယ်။

သို့သော် ချင်ရိဟန်က လက်မခံခဲ့ဘူး။
ပြီးနောက်,...." ဒါကဘာလဲ?"

"ပန်းတွေလေ"

"ဒါကပန်းတွေဆိုတာကို ငါသိတယ်လေ,
ဒါက ဘာအဓိပ္ပါယ်လဲလို့ ငါမင်းကိုမေးတာ"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now