EP69(U +Z)

8K 1.2K 25
                                    

EP 69 ငါ့ကိုချစ်နေတယ်

ချွီရီ့ တစ်ယောက် နောက်တနေ့ ဆယ်နာရီတွင် လေယာဥ်ပေါ်တက်ရမယ်။

လေယာဥ်လက်မှတ်ကလည်းသူကိုယ်တိုင်ဝယ်ခဲ့တာမို့ ချွီရီ့ဆက်ပြီးကြာကြာနေလို့မ
ရတော့ဘူး၊သူ့ဖောက်သည်နှင့်လည်းအချိန်
တစ်ခုအတည်ပြုပြောဆိုထားတာလည်း
ရှိနေတယ်။

ချင်ရိဟန် ကတော့ သူ့အတွက် လက်မှတ်
ဝယ်ပေးမယ်လို့ ပြောပေမဲ့, ခုထိမလှုပ်သေး၊

ချွီရီ့ သူ့ကိုလည်း မတိုက်တွန်းချင်တာ
ကြောင့် သူကိုယ်တိုင်ပဲဝယ်လိုက်တယ်။

ချင်ရိဟန် ရေချိုးခန်းထဲက ထွက်လာတော့
ချွီရီ့ သူ့ကိုတန်းပြီးပြောလိုက်တယ်,

" ငါမနက်ဖြန်ပြန်ရမယ်"

ချင်ရိဟန်ခဏမျှတုံ့ဆိုင်းသွားတယ်၊

" မနက်ဖြန်ဘယ်အချိန်လဲ?"

"မနက်ဖြန်ည10နာရီ"

ချင်ရိဟန် ခုတင်အနီးသို့လျှောက်လာတယ်၊

" လက်မှတ်ဘယ်သူဝယ်ပေးတာလဲ?"

" ငါဘာသာဝယ်တာပေါ့, ဘယ်သူဝယ်
ပေးမှာလဲ?"

ချင်ရိဟန် မေးလာတယ်,

" သဘက်ခါအလုပ်ရှိလို့လား?"

ချွီရီ့ ခေါင်းညိတ်ပြလိုက်ရင်း,

"အင်း, ဖောက်သည်နဲ့ ချိန်းထားပြီးဖြစ်နေလို့,သဘက်ခါ သူ့စတူဒီယိုကို သွားကြည့်ပေးရမယ်,သူက ဟိုမှာအကုန်လုံးစီစဥ်ပြီး ဖြစ်နေတယ်"

ချင်ရိဟန်အချိန်အတော်လေးကြာကြာတွေးပြီးမှ 'ကောင်းပြီ'ဟု ပြောလာတယ်။

ထိုညအတွက်ကတော့ချင်ရိဟန်ကနူးညံ့သိမ်မွေ့မှု နှင့်အတူအရိုင်းဆန်တဲ့ပေါင်းစပ်
မှုဖြင့် ရှိနေခဲ့တယ်။

ချင်ရိဟန်ရဲ့ နားလည်နိုင်စွမ်းကိုပါ
သူနားလည်သွားတယ်။ချင်ရိဟန်တွင်
နားလည်နိုင်စွမ်းရှိနေသရွေ့သူကောင်း
ကောင်းကြီး လုပ်ဆောင်နိုင်တယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်,
ဘဝနှင့် အိပ်ရာပေါ်က ကိစ္စ~

မစ္စတာချင်က ဆိုးသွမ်းတဲ့အချိန်လေးလဲ
ရှိသေးတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now