EP83(End)(U+Z)

8.5K 1K 41
                                    

[ U ]

EP83 ဆုတောင်းလေး

တစ်ယောက်ရည်ရွယ်ချက်ကိုတစ်ယောက်နားလည်ပြီးတဲ့နောက်, ချင်ရိဟန်နဲ့ ချွီရီ့တို့ရဲ့
နေထိုင်မှု ဘဝလေးက အလွန်ကွဲပြားခြားနား
လာခဲ့တယ်။

အလုပ်တွေ ကိုယ်စီ နဲ့ ရှိနေကြသည့်တိုင်
အားလပ်ချိန်တွေတိုင်းသူတို့ နှစ်ယောက်
အတူရှိနေကြတယ်။

တခါတရံချင်ရိဟန် က ချွီရီ့ နဲ့ အတူ ညစာစားရန်လည်း တကူးတကသွားတတ်သေးတယ်၊ထို့အပြင် အခြား ကုမ္ပဏီဆီ သွားရင်း
ချွီရီ့ ရဲ့ စတူဒီယို လေးဆီဝင်ကာ အကြာကြီး
နေချင်သော်ငြား နေလို့မရသည့်တိုင်ချွီရီ့ ဖျော်ပေးတဲ့ လက်ဖက်ရည်လေးတော့ သောက် ဖြစ်အောင် ဝင်သောက်မည်ပင်။

ချွီရီ့ လည်း ချင်ရိဟန်ဆီ မကြာခဏသွားလေ့ရှိတယ်၊ ချွီရီ့ အလုပ်အတွက်ပါအဆင် ပြေစေဖို့ ချင်ရိဟန်က ချွီရီ့ အတွက်အထူးသီးသန့် ရုံးခန်း တစ်ခုကိုပင်ထပ်မံဆောက်
လုပ်ခဲ့တယ်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ကြားမှ
အချစ်ရေးက ကုမ္ပဏီတွင် ပြောစမှတ်ပြုလာကြတယ်၊ အစပထမတွင် လူတိုင်းကစူးစမ်း
သလိုရှိကြပေမဲ့ နောက်ပိုင်းတွင် ကျင့်သားရလာတယ်၊

ညနေခင်းတွေကိုလည်းအားလပ်ချိန်များစွာယူကြတယ်၊ချွီရီ့က တနေ့ တနေ့ အလုပ်သွားလိုက် အိမ်ပြန်လိုက်ဖြင့်သာမန်ရိုးရှင်းတဲ့ဘဝတွင်လည်း မနေလို၊ သာမန် စုံတွဲတွေ လုပ်နေကြဖြစ်တဲ့ ရုပ်ရှင်ကြည့်တာ, လမ်းလျှောက်တာနဲ့ ရေကူး တာတွေကို ချင်ရိဟန်နဲ့ လုပ်လေ့ ရှိတယ်၊

ချင်ရိဟန်ကိုလည်း မိသားစုနဲ့ သူငယ်ချင်း
အပေါင်း အသင်းတွေက အကြံ ပေးခြင်းကြောင့် ဖြစ်နိုင်တယ်၊ ချင်ရိဟန်ရဲ့ စီးပွား
ရေးခရီးစဥ်တွေ လျော့နည်းလာတာကိုလည်း
ချွီရီ့ တွေ့လာရတယ်။

ချင်ရိဟန် တစ်ယောက် မြို့တော် Qမှ
နောက်ဆုံး တခေါက်ပြန်လာပြီးကတည်း
က မြို့တော်အေမှာပဲ ရှိနေခဲ့တယ်။

"သူဌေး , ဒီနေ့ သူဌေးရဲ့ခင်ပွန်း
နေ့လည်စာပြန်မစားဘူးလား?"

နေ့လည်ဘက်၌ ချွီရီ့ ရုန်ရုန်နှင့်အတူ
နေ့လည်စာမှာရန် ရုံးခန်းထဲမှထွက်လာ
ချိန်သူ့ကို မေးလာတယ်၊

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now