EP33(U+Z)

9.8K 1.5K 35
                                    

[ U ]

EP33 သူဘာမှ မသိချင်တော့ဘူး

ထိုနေရာမှစကားသံတွေအလွန်တိတ်ဆိတ်သွားတယ်, အလွန်အမင်းတိတ်ဆိတ်ခြင်းကြောင့်ပတ်ဝန်းကျင်ရှိမည်သည့်အသံမဆို
လုံးဝ ဖုံးကွယ်သွားနိုင်ခဲ့တယ်။

ထို့ကြောင့် ချင်ရိဟန်ဘက်မှတစ်ယောက် ယောက်စကားပြော လာတဲ့အခါဘာကိုမှ
ထပ်၍ မကြားနိုင်တော့ဘူး။

ချွီဟု ပြောပြီးနောက်သူဘာမှထပ်မကြားရ
သလို ချွီရီ့ အကြောင်းကိုလည်းမကြားရ။

ချင်ရိဟန် ခေါင်းငုံ့ကာ ဇွန်းကို ပြန်ကောက်
ယူပြီးဟင်းရည်တစ်ဇွန်းပါးစပ်ထဲသို့ထည့်လိုက်တယ်။

မျိုးရိုးချွီ နဲ့ ဆိုတာကလူအနည်းငယ်သာရှိတယ်။

တက္ကသိုလ်အေ၏ ပရော်ဖက်ဆာများအဖွဲ့မှ ရှုကျီးမင်ဆိုသည့်အမည်ကတိုက်ဆိုင်မှုတော့ မဟုတ်ဘူး။

ရှုကျီးမင်..ချွီရီ

ပါးစပ်ထဲမှ ဟင်းချိုက အရသာမရှိတော့တာကိုချင်ရိဟန် ရုတ်တရက်ခံစားမိလာတယ်။

သူထပ်ပြီးလည်းမစားချင်တော့ဘူး။

မကြာမီ သူ့ဘေးနားက အသံတွေ တိုးသွားတော့ တဖက်ခြမ်းဆီမှ အသံတွေ ပြန်ထွက်လာပြန်တယ်၊ သို့သော် အရေးကြီးဆုံးအပိုင်းကတော့ ပြီးသွားပြီ။

ရှုကျီးမင်အမည်ရှိတဲ့သူက ပြောလာတယ်,

" ကျေးဇူးပါ..ပါမောက္ခကျန်းသာအားလပ်ရင်, ကျွန်တော့် အတွက်လက်တွဲဖော်တစ်ယောက်လောက်ရှာပေးစမ်းပါ"

ရှုကျီးမင်၏အနောက်ဘက်တွင်ရပ်နေသည့်
သက်လတ်ပိုင်းအရွယ်အမျိုးသားက ပါမောက္ခကျန်း ဖြစ်လောက်တယ်။

" ဒါပေါ့..မင်းက ငါတို့ ဌာနကို မကြာခဏရောက်ရောက်လာတယ်,ငါတို့ဌာနရဲ့
ကျောင်း သားတစ်ယောက်လို့ မှတ်ယူခံရတယ်, တကယ် လို့ မင်းသာငါတို့ဌာနက
ကျောင်းသားတစ်ယောက်ဆိုရင်ငါ့တပည့်ပဲလေ,ဒါကြောင့် မင်းကိုငါကဂရုစိုက်ပေး
ရမှာပေါ့"

ရှုကျီးမင်:"ဒါဆို ကျွန်တော်ကပဲပါမောက္ခကျန်းကို ကျေးဇူးအရင်တင်ပါ့မယ်"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now