EE44(U&Z)

9.6K 1.5K 68
                                    

[ U ]

EP 44 ကျွန်တော့် အမျိုးသားငယ်

စက္ကန့်ပိုင်းအတွင်း ရှုကျီးမင်ကိုတွေ့လိုက်ရခြင်းကတိုက်ဆိုင်မှုလို့သာမှတ်ယူလိုက်မိတယ်၊နောက်ထပ်တစ်စက္ကန့်လောက်မှာပဲ
ချင်ရိဟန်က ယခင်ညစာစားပွဲည၌ ရှုကျီးမင်
လည်းလာတယ်ဆိုတာကိုပြောပြခဲ့ခြင်းအား
သူပြန်သတိရလိုက်မိတယ်။

ဒါကြောင့်မို့ဒါကတိုက်ဆိုင်မှုမဟုတ်တော့ဘူး။

ရှုကျီးမင်က သူ့ အက်ျီအား လက်တစ်ဖက်
ဖြင့် ဆွဲချပြီး ကျန်လက်တစ်ဖက်အားဆန့်
ထုတ်ရင်း ချင်ရိဟန်ကိုပြုံးပြလာတယ်။

ချင်ရိဟန်က ရှုကျီးမင်ရဲ့လက်ကိုခပ်ဖွဖွသာ
ဆွဲကိုင်ကာနှုတ်ဆက်ပြီးချက်ခြင်းလွှတ်ကာ
ပြောလာတယ်၊

" ဟယ်လို"

ရှုကျီးမင်က ချင်ရိဟန်အားတလေးတစားခေါင်းညိတ်ပြပြီး သူ့ဘေးတွင်ရပ်နေသူအား
လှည့်ကြည့်လိုက်တယ်။

"ချွီရီ?"

ရှုကျီးမင် အံ့သြသွားတယ်,

" မင်းက ဘာလို့ ဒီမှာရှိနေရတာလဲ?"

ရှုကျီးမင်ချွီရီ့ကိုအကြိမ်အနည်းငယ်စိုက်
ကြည့်ပြီးနောက်ချင်ရိဟန်ကိုလည်းကြည့်
တယ်။

ချွီရီ့ ရှုကျီးမင်ကို ပြုံးပြပြီး ,

"ရွှယ်ကျန်း"

ချွီရီ့ က ပြောပြီးပြီးချင်းဆွဲယူခံလိုက်ရပြီး
ခါးလေးကိုပါဖက်တွယ်ခံလိုက်ရတယ်။

ရှုကျီးမင်က တစ်ခုခုကိုမေးချင်နေပုံရ
ပေမဲ့ပါမောက္ခကြီးကသူ့အနားသို့ရောက်
လာတယ်။ထိုအချိန်မှသာချွီရီ့လည်း ပါမောက္ခကျန်းလည်း ဆရာတွေထဲပါ
လာတာကို သတိပြုလိုက်မိတယ်။

"ချွီရီ့ ?"

ပါမောက္ခကျန်းက သူ့ တပည့်အားမြင်လိုက်
ရတာမို့အံ့အား သင့်သွားတယ်၊

" မင်းကဘာလို့ဒီကိုရောက်နေရတာလဲ?"

ပါမောက္ခကျန်းက အပြုံးလေးဖြင့်ရောက်
လာတယ်၊ ချွီရီ့လည်းယဥ်ကျေးစွာပဲအလျင်အမြန်ညာဘက်လက်အားဆန့်
ထုတ်ကာပြုံးရင်း,

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now