EP73(U+Z)

7.1K 1.2K 31
                                    

[ U ]

EP73 မင်းကိုသဘောကျတယ်

ချမ်းအေးတဲ့ ဆောင်းတည မှာမိုးက သည်းထန်စွာရွာသွန်းနေတယ်။

မြို့တော်အေရဲ့လမ်းကြားတစ်ခုတွင်
လူတစ်စုမတ်တပ်ရပ်လျက်ရှိနေကြတယ်၊
ထို့အပြင်, အနက်ရောင်ဝတ်စုံဝတ်ဆင်ထား
သည့်လူနှစ်ဦးကြားဟောင်းနွမ်းနေသောအ
ဝတ်အစားကိုဝတ်ဆင်ထားသည့် လူတစ်ဦး
က ဒူးထောက်လျက်ဖြင့် ရှိနေသေးတယ်၊

ချမ်းကျန်းရှီ အသက်ရူမဝဖြစ်နေသည့် အပြင် မိုးရေတွေကလည်းသူ့မျက်လုံး
တွေဆီအဆက်မပြတ်ကျဆင်းနေတယ်၊
သူ့ရှေ့မှလူကိုအသေအချာကြည့်ချင်တယ်၊ ဒါပေမဲ့ သူလှုပ်ရှားဖို့ ကြိုးစားပါကသူ့ကို
ပိုပြီး ဖိနှိပ်ထားကြတယ်။

"ဘယ်...မင်းနဲ့ ချွီရီ့က ဘာလဲ?"

ချမ်းကျန်းရှီ မေးလာတယ်။

ချင်ရိဟန်က ချမ်းကျန်းရှီရဲ့မျက်လုံး
များကိုစိုက်ကြည့်နေပြီးနောက်သူမဖြေခဲ့၊
ထို့အစား,သူခေါင်းလေးစောင်းပြီးအကြည့်တွေကို ချမ်းကျန်းရှီရဲ့နားရွက်အောက်နား
ဆီပို့လိုက်တယ်။

"ခင်ဗျားက သူ့ကိုနာကျင်စေခဲ့တယ်"

ချင်ရိဟန်ရဲ့ အသံကအလွန်တည်ငြိမ်
တယ်၊ထို့သို့ ပြောပြီးနောက် သူ့လက်ထဲ
မှကိုင်ထားသည့် ပန်းအိုးကွဲစဖြင့် ချန်း
ကျန်းရှီ ရဲ့ နားရွက်အောက်နားကိုချိန်
ရွယ်လိုက်တယ်။

ချွီရီ့ ရဲ့ ဒဏ်ရာလေးသူ့အတွေးထဲ
ရုတ်တရက် ပေါ်လာတယ်၊ချင်ရိဟန်
မျက်မှောင်ကြံု့ပြီးပန်းအိုးကွဲစဖြင့်
ခြစ်ချလိုက်တယ်။

"အားး!"

ချမ်းကျန်းရှီက ထအော်တယ်၊တချိန်တည်း
မှာပဲသူ့ဘေးမှလူနှစ်ယောက်ရဲ့ဖိအားကို
ခံလိုက်ရတယ်။

"အရူး! လိုးတဲ့မှ! ...ငါ့လိုး!"

ဒဏ်ရာက အနေတော် ,ချွီရီ့ ရဲ့ အမာရွတ်
ဖြစ်သွားမယ့်အနေအထားလောက်ရပြီမို့
သူလက်ကို ရုတ်လိုက်တယ်။

ချမ်းကျန်းရှီက ထအော်တယ်,

" မင်းက အဲ့ဒီ ခွေးကောင်ရဲ့ရည်းစားမလား?
ငါကသူ့အဖေကွ! မင်းငါ့ကို ဘယ်လိုဆက်ဆံနေတာလဲ! ငါ့ ကိုလွှတ်!.မင်းကအတော် ရိုင်းတဲ့ကောင်!မင်းတို့အားလုံးအရိုင်းအစိုင်းတွေ!"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now