EP89(Extra6)(U+Z)

4.8K 740 9
                                    

[ U ]

EP 89 မင်္ဂလာပွဲ (အပိုင်း၂)

ဧပြီလ 15ရက်နေ့၌ တောင်ဘက်ကျွန်းတွင် အစီအစဉ်အတိုင်းမင်္ဂလာပွဲကိုကျင်းပခဲ့တယ်၊

ပထဝီဝင်အနေအထားအရ, ဧပြီလက တဖြေးဖြေးပူနွေးလာပြီး ပန်းများစွာလည်း
ဖူးပွင့်ကြတယ်။

မြို့တော်အေရဲ့ ဓလေ့ထုံးစံအရ, အသစ်စက်စက်လက် တွဲဖော် နှစ်ဦးတို့က
မင်္ဂလာပွဲ ကျင်းပတဲ့ နေ့ထိ မတွေ့ဆုံရပေ၊
ထို့ကြောင့်မနေ့က မင်္ဂလာပွဲကျင်းပမည့် နေရာသို့ သွားကြပြီး နှစ်ဖက်မိဘတွေက
နှစ်ယောက်သားအား ချက်ခြင်းလူခွဲကာ
မဆုံအောင်တားဆီးသည့် အနေဖြင့် ဟိုတယ်
နှစ်ခုကိုပင် သီးခြားဆီ စီစဥ်ခဲ့ကြတယ်။

ချင်ရိဟန်နဲ့ ချွီရီ့ တို့ အလွန် စိတ်ပျက်သွား
ကြတယ်၊သူတို့ အတွက် က သာမန်ရိုးကျ
မဟုတ်သလို ဖြစ်နေပြီးအိမ်မှာဆိုလည်း
သူတို့ အေးဆေးစွာနေကြတာပင်၊ဒါဆို
ဘာကြောင့်များမိဘတွေရဲ့မျက်လုံးတွေ
ထဲမှာ နာခံမှု မရှိသလို ဖြစ်နေရတာလဲ?

မင်္ဂလာပွဲနေ့တွင် , ချွီရီ့ မနက်ခြောက်နာရီ
အိပ်ရာထရပြီး သူ့ဘဝရဲ့ ပထမဆုံးမိတ်ကပ်
လိမ်းခြယ်မှုအား လက်ခံကြိုဆိုခဲ့ရတယ်။

ဘေးတစ်ဖက်စီတွင်ပန်းများနှင့်ဓာတ်ပုံတွေကိုအလှပြရန် ပြင်ဆင်ထားတယ်၊ ချွီရီ့ နဲ့ချင်ရိဟန်တို့က မင်္ဂလာပွဲအတွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန်စီစဥ်ရေးအဖွဲ့အား
တောင်းဆိုခဲ့တယ်၊ယခုမိတ်ကပ်ပညာရှင်အပါအဝင်အားလုံးကို လည်းဂရုတစိုက်
စီစဥ်ရန် အပ်နှံခဲ့တယ် ။

" ရိုးရိုးရှင်းရှင်းလေး ပဲ လုပ်ပေးနော်, ကျွန် တော်အရင်က တခါမှမိတ်ကပ်မလိမ်းဖူးဘူး, ထူးထူးဆန်းဆန်းကြီးဖြစ်နေမှာ စိုးလို့"

မိတ်ကပ်ပညာရှင်က ပြောလာတယ်,

" ဟုတ်ကဲ့, ကောင်းပါပြီ, မစ္စတာချွီ, အများကြီးလည်း သိပ်ပြင်စရာမလိုဘူး, ခင်ဗျားက
အစကတည်းက အသားအရည်လေးကကောင်းပြီးသားပဲကို, မျက်ကွင်းနားကအညို မဲလေးတွေနဲ့ အနီစက်လေးတွေဖုံးဖို့အောက်ခံ မိတ်ကပ်လေး နည်းနည်းပဲလူးလိုက်မယ်"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now