EP50(U+Z)

9.3K 1.4K 67
                                    

[ U ]

EP50 Wallpaper

လေဆိပ်ကို သွားချိန်ကသိပ်မကြာဘူး၊
မကြာခင်ပဲရှောင်ချန်းလေဆိပ်အဝင်ဝ
သို့မောင်းလာခဲ့တယ်။

အိပ်မှာ တောင်ခဏလေးနဲ့အိပ်မပျော်နိုင်
ခဲ့တဲ့ချွီရီ့ ချင်ရိဟန် နှင့် ဗီဒီယိုကြည့်ရင်းတကယ်ကြီး အိပ်ပျော်သွားခဲ့တယ်။

ကားရပ်လိုက်ချိန် ရှုကျန်းနောက်သို့လှည့်
ကြည့်ပြီးတစ်ခုခု လေးပြောချင်ပုံရတယ်၊
သို့ပေမဲ့ , ချင်ရိဟန်လက်ကာပြရင်းရှုကျန်း
ကို ပါးစပ်ပိတ်နေဖို့လက်ဟန်ပြလိုက်တယ်၊

ရှုကျန်း ပါးစပ်လေးသာပိတ်နေရပြီး
ရှောင်ချန်းကိုလှမ်းကြည့်ပြန်တယ်။

အရှေ့ခုံမှနှစ်ယောက်ကကားထဲမှတိတ်တ ဆိတ်ထွက်လိုက်ရပြီး ခရီးဆောင်အိတ်
တွေကို ကားဗိုက်ထဲမှ ထုတ်ယူတယ်။

ရှုကျန်းကားဆီသို့ ပြန်လာပြီး ချင်ရိဟန်
ပခုံးပေါ်ခေါင်းတင်လျက်အိပ်ပျော်နေတဲ့
ချွီရီ့ကို တချက်ကြည့်ကာတိုးတိုးလေး
ခေါ်လိုက်တယ်၊

" ဥက္ကဋ္ဌချင်"

ချင်ရိဟန် လက်တော့ပ်မှ ဗီဒီယိုက
ဖွင့်ထားလျက်ရှိနေဆဲ ဖြစ်တယ်။

အမှန်တကယ်တော့ဗီဒီယိုကအချိန်မကြာဘူး,ဒါပေမဲ့ အစီအစဥ်ကြေညာသူရဲ့အသံ
ကအလွန်သာယာတာကြောင့်လူတွေကို အိပ်ပျော်စေတယ်။

ချင်ရိဟန် က ဒီဗီဒီယိုကို သိပ်စိတ်မဝင်စားဘူး၊ အစပထမကတည်းကသူခဏပဲကြည့်ဖို့ ဖြစ်တယ်။ယခုတွင်မူထို ဗီဒီယိုကိုအကြိမ်ပေါင်းများစွာထပ်ခါထပ်ခါပြန်ရစ်နေရတယ်၊

ဥက္ကဋ္ဌချင်လို့သူခေါ်ပေမဲ့ချင်ရိဟန်တုတ် တုတ်မျှမလှုပ်တာကို ရှုကျန်းတွေ့နေရတယ်။
အချိန်မှီသေးလောက်တယ်လို့သူထင်တာမို့
ချင်ရိဟန်ကိုလည်း အလျင်စလိုထပ်မံ၍မတိုက်တွန်းခဲ့ဘူး၊တံခါးကိုသာဖြေးညှင်းစွာ
ပိတ်ပြီး ရှောင်ချန်းနဲ့ အပြင်မှာသာစောင့်နေ
လိုက်တယ်။

ချွီရီ့ အိပ်ပျော်နေပြီး သူ့နဖူးက ချင်ရိဟန်ရဲ့
ပခုံးကို ဖိတင်ကာခေါင်းလေးမြုပ်ထားပြီး
ဆံပင်တွေပင် သူ့မျက်နှာကို ဖုံးအုပ်နေတယ်၊
လက်ထဲတွင် ရှိနေတဲ့ ဖုန်းလေးအားလျော့ရဲစွာဆုပ်ကိုင်ထားရာမှ ပြုတ်ကျသွားတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now