EP74(U+Z)

7.7K 1.1K 39
                                    

[ U ]

EP 74 အဖျားကျစေသည့်နည်း

ချွီရီ့ ရဲ့နှလုံးသားလေးဆီသို့ နေရောင်ခြည်လေး နွေးထွေးစွာဖြာကျနေတယ်။

ယခုတွင်, သူက ချင်ရိဟန်ရှေ့၌ ပန်းတွေကို
ကိုင်ကာ တံခါးဝ၌ လပြည့်ဝန်းကြီးပမာ ပြုံးလျက် ရပ်နေတယ်။

ဒီတကြိမ်မှာတော့ ချွီရီ့ ရှက်ရွံ့နေလျက်
ခေါင်းငုံ့ကာ ပန်းတွေကို ဖြေးညှင်းစွာ
ယူလိုက်တယ်။

ချင်ရိဟန်က ရုတ်တရက် သူ့ဆီသို့ခြေတစ်လှမ်းတိုးလာတယ်၊သူတို့ကြားပန်းတွေပဲရှိတာကြောင့် ချင်ရိဟန် ပန်းတွေ ကို တွန်းလိုက်ရာ ချွီရီ့ကို ပါ တွန်းလိုက်သလိုဖြစ်
သွားပြီး နောက်သို့ ဆုတ်လိုက်ရတယ်။

ချင်ရိဟန်က ရှေ့သို့ နောက်ထပ်တစ်လှမ်း
ထပ်လှမ်းလာတယ်။

ချွီရီ့လည်း ခြေတစ်လှမ်းဆုတ်တယ် ။

ထိုကဲ့သို့ တစ်လှမ်းပြီး တစ်လှမ်း ဆုတ်ရင်း
ချွီရီ့အား တိုင်အစွန်းတဖက်တွင် ကပ်သည်အထိ ချင်ရိဟန်က ရှေ့တိုးလေတယ်။ဤသည်က ချင်ရိဟန်ရဲ့ အနှစ်သက်ဆုံးအလုပ်ပဲ၊ ပန်းတွေနဲ့ ချွီရီ့ကိုတိုင်နံရံအားကျောကပ်
သည်အထိ ထိန်းချုပ်ထားတယ်။

သူ့ကို ထိန်းချုပ်ရတာကို ကြိုက်နှစ်သက်တယ်၊

ချင်ရိဟန် က သူ့လက်ထဲမှ ပန်းတွေကို
ဘေးမှာချပြီး ချွီရီ့ လက်ထဲမှ ပန်းတွေကို
ယူတယ်။

"ဟေး..ဟေး"

ချွီရီ့ ပန်းတွေကို လိုက်ကြည့်နေမိတယ်၊
သူပြန်ဆွဲယူချင်ပေမဲ့ ချင်ရိဟန်က လက်
ကို မြှောက် လိုက်တာမို့ ချွီရီ့ လက်ထဲ
လေထုကိုသာဆုပ်ကိုင်မိလိုက်တယ်။

ချွီရီ့ ထပ်ခုန်ပြီး ယူတယ်, ချင်ရိဟန်က
လက်ကို မြှောက်ထားတာမို့ သူဘယ်လိုမှ
မယူနိုင်ဘူး။ချွီရီ့ လက်ပြန်ရုတ်ကာ
ပန်းစည်းလေးကိုလက်လျော့လိုက်ရင်း
ချွီရီ့ မျက်နှာလေး နီမြန်းလာတယ်။

" ဘာလို့ ခေါင်းကြီးငုံ့နေတာလဲ??

ချွီရီ့ ဘယ်ညာကြည့်ပြီး ,

"ငါမလုပ်ပါဘူး"

" မင်းရှက်နေတာကို ဘာလို့ ကိုယ့်ကိုဖုံးကွယ်ထားတာလဲ?"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now