EP58(U+Z)

8.8K 1.3K 18
                                    

[ U ]

EP58 ဥက္ကဋ္ဌကြီးရဲ့ ပိုးပန်းနည်း

ချင်ရိဟန် ရဲ့ အသံက အလွန်နူးညံ့ပေမဲ့
လေးလံနေသေးတယ်၊၊ချွီရီ့ အံ့သြနေဆဲ
ဖြစ်နေပြီး အစောပိုင်းအခိုက်အတန့်လေး
အား အတည်ပြုနိုင်ရန် သူ့ခေါင်းလေးကို
ပင် မမော့နိုင်သေးဘဲ ရှိနေလျက် အံ့သြ
စရာတွေပင် ကြားနေရတယ်လို့ သံသယ
တွေများနေမိပြီ။

ပေါင်ပေ့?

ဘယ်လိုလူကြီးလူကောင်းမျိုးရဲ့ လမ်း
ညွန်ချက် တွေများခုလိုမျိုး ရလာပါလိမ့်?

ချွီရီ့ ခေါင်းမမော့သေးဘဲ မျက်လုံးလေး
သာပင့် ကြည့်လိုက်တယ်၊ချင်ရိဟန်ကို
ကြည့်လိုက်တော့ ချင်ရိဟန်ဟင်းချို
သောက်နေတယ်။

ဒါကြောင့် သူလည်းပဲ ဟင်းချိုသာဆက်သောက်နေလိုက်တယ်။

ဟင်းချိုသောက်လို့ပြီးချိန်မှချွီရီ့ခေါင်းပြန်
မော့လိုက်တယ်။

ချင်ရိဟန်: " ဘယ်လို နေလဲ?"

ချွီရီ့ ခေါင်းညိတ်ပြလိုက်တယ်,

"ကောင်းတယ်"

ချင်ရိဟန်ကျေနပ်သွားပုံဖြင့်သူ့ကို ပြုံးပြတယ်၊

သူတို့နှစ်ယောက်စကားမပြောမိကြဘူး၊
ချွီရီ့ အပြင်ဘက်ရှိ ရေပန်းငယ်လေးကို သဘောကျနှစ်ခြိုက်စွာလှည့်ကြည့်နေမိ
တယ်၊ချင်ရိဟန်ကလည်း ဟင်းချိုဆက်
သောက်နေတယ်။

တကယ်တော့ ချင်ရိဟန်အတွေးတွေထဲ
နှစ်မျောနေတယ်။

" ပေါင်ပေ့" လို့ ခေါ်ဖို့်ခုလောက်ထိခက်ခဲ
လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး၊
သူလုံးဝလည်းတွေးမထားမိဘူး၊

စွပ်ပြုတ်သောက်ရင်း ချင်ရိဟန်တစ်ယောက်
ကျိုး ကျဲ့ ခေါ်တဲ့ ပုံစံကို ပြန်တွေးမိတယ်။

ကျိုးကျဲ့က 'ပေါင်ပေ့ 'ဆိုတဲ့ စကားလုံးကို
ဘာလို့များ ပေါ့ပေါ့ပါးပါးလေးခေါ်နိုင်ရ
တာလဲ?

ဒါပေမဲ့ သူကျမလုပ်နိုင်ဘူး။

ချင်ရိဟန် နောင်တ ရနေမိတယ်၊ဒါကို အထူးတလည်သီးသန့် လေ့ကျင့်ရမယ်လို့
သူတွေးတယ်၊ကြိုတင်ပြင်ဆင်ထားခြင်း
မရှိတဲ့ တိုက်ပွဲမျိုး ဘယ်သောအခါကမှသူ
မတိုက်ခဲ့ဖူးဘူး၊ဒီနေ့ တဖက်လူက ချွီရီ့
ဖြစ်နေတော့ ပြောဖွယ်ရာမရှိတော့ဘူး။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now