EP37(U+Z)

9.5K 1.5K 38
                                    

[ U ]

EP37ဥက္ကဋ္ဌချင်ကမင်းသမီးလေးလိုချီတယ်

ချွီရီ့တူညီသောလက်ဆောင်ပေးတဲ့ချင်ရိဟန်ရဲ့ ထူးဆန်းတဲ့ ခံစားချက်ကို ယာယီအားဖြင့် အဓိပ္ပါယ်ကိုစဥ်းစားနေမိတယ်။

အချိန်ကလည်း နောက်ကျနေပြီဖြစ်ကာချွီရီ့
ခုထိရေမချိုးရသေးဘူး၊သူ့ အတွေးမှာတော့
ဒီ ကိစ္စက ပြီးသွားပြီ၊သူလည်းဒါကိုထပ်ပြီး
စဥ်းစားနေဖို့ မလိုတော့ဘူး။

ပြီးတော့မနေ့က,ချင်ရိဟန်ရဲ့မပျော်ရွှင်မှု
ကသူရဲ့ထင်မြင်ယူဆချက်တစ်ခုသာဖြစ်လောက်တယ်။

တကယ်တော့ ချင်ရိဟန် စိတ်မပျော်ရွှင်ရတဲ့အခါတိုင်းအမြဲတမ်းအိမ်မှာပဲဖြစ်နေတယ်။
သူ့စိတ်ထဲမှာဘာမှမဖြစ်ဘူးဆိုရင်ရောဘယ်လိုလုပ်မလဲ?

ချွီရီ့ ထိုသို့ တွေးလိုက်တော့ချက်ခြင်း စိတ်သက်သာရာရသွားတယ်။

ဗီရိုထဲမှသူ့ရဲ့ ညဝတ်အကျီကို ထုတ်ပြီး
ရေချိုးရန် သွားဖို့ ပြင်စဥ်သူ့ဘေးတွင်ထိုင်
နေသည့်ချင်ရိဟန်ကရုတ်တရက်သူ့ကို
အော်ခေါ်လာတယ်။

"ခဏလေး"

ချွီရီ့ ရပ်လိုက်ပြီး,

"ဘာဖြစ်လို့လဲ?"

ချင်ရိဟန်က သူ့လက်ထဲမှစာအုပ်ကိုချလိုက်ပြီး ချွီရီ့ကို ကြည့်တယ်,

" ရှု ကျီးမင်ကသူ့ကို မဆက်သွယ်ဖို့လည်း
ပြောခဲ့တယ်, ဘာလို့သူကမင်းကိုဖိနပ်တွေ
ပေးတာလဲ ?"

ချွီရီ့ ကြောင်သွားတယ်။

မစ္စတာချင်, ဒါက မေးခွန်းကောင်းတစ်ခုပဲ!

ချွီရီ့ အရိုးခံအတိုင်းဖြေလိုက်တယ်,

" ငါလည်းမသိဘူး"

ချင်ရိဟန်က ဆက်ပြောလာတယ်,

" အရင်ကသူက မင်းကိုဘာလို့ထပ်မဆက်သွယ်ဖို့ ပြောတာလဲ?"

" ငါမသိဘူး"

"သူ့ရည်းစားနဲ့လမ်းခွဲလိုက်ပြီဆိုတာကိုရော
မင်းသိလား?"

ချွီရီ့ စက္ကန့်ပိုင်းမျှအံ့အားသင့်နေပြီးမှ,

"ငါမသိဘူး"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now