EP84(Extra1)(U+Z)

6.1K 840 7
                                    

[ U ]

EP84ပထမဆုံးအကြိမ်တွေ့ဆုံခြင်း (အပိုင်း1)

ထိုရက်က ထူးထူးခြားခြားပိတ်ရက်ဖြစ်တယ်။

ချွီရီ့ တစ်ယောက် နောက်ထပ် blind dateတစ်ခုကို ငြင်းပယ်ခဲ့တယ်။

အိမ်အပြန်လမ်းတွင် မိခင်ဖြစ်သူက သူ့ထံ
ဖုန်းခေါ်လာတယ်၊ ချိန်းဆိုမှုအား ထပ်မံ ငြင်းပယ်ခဲ့ကြောင်း သူပြောတာကို ကြား
တဲ့အခါ သူ့ကို အချိန် အတော်ကြာဆူပူ
ကြိမ်းမောင်းခဲ့တယ်။

ဖုန်းချပြီးတဲ့နောက် ချွီရီ့အရှိန်လျော့လိုက်
တယ်၊

အလုပ်မှ ဖိအားတွေ, ချိန်းဆိုမှုတွေနဲ့  သူ့သူငယ်ချင်းတွေက သူ့အား လတ်တလော
စိတ်အခြေအနေကို များစွာပင်ပန်းစေခဲ့တယ်၊

အိမ်လည်း မပြန်ချင်သေးသလို
ဘယ်သွားရမှန်းလဲ သူမသိဘူး။

ကားလမ်းမပေါ်ရောက်တတ်ရာရာဘီးလှိမ့်နေရာက ရုတ်တရက်အတွေးတစ်ခု ပေါ်လာတယ် ။ထို့ကြောင့်ဖုန်းကို ထုတ်ပြီးအနီးအနား ရှိ ဘားဆိုင်တွေကို ရှာဖွေလိုက်ပြီးနောက်မနီးမဝေး သင့်လျော်မည့်ဆိုင်သို့ လမ်းကြောင်း
ပြောင်းလိုက်တယ်။

မကြာခင်မှာပဲ , ချွီရီ့ အနီးအနားရှိ ဘားဆိုင်နားတွင်ကားရပ်ပြီး နောက်ခြေလျင်လျှောက်လာလိုက်တယ်။

ဘားက မြို့ကျုံးနေရာရဲ့ အစွန်တွင် ရှိပြီး
လူသွားလူလာကျဲပါးတဲ့ လမ်းတွင်ရှိတယ်၊
ခုမှ စဖွင့်တဲ့ ဘားအသစ်ဖြစ်လောက်တယ်၊

ချွီရီ့ ဝင်လာပြီးတဲ့နောက် ဘားထဲတွင် ဧည့်သည့်အနည်းအကျဥ်းကိုသာ တွေ့ရတယ်၊
ဒီနေ့က တနင်္ဂနွေ ပိတ်ရက်ဟုတ်ရဲ့လားလို့
တောင်သူတွေးမိတယ်။ဒါပေမဲ့မိနစ်အနည်း
ငယ်အကြာမှ သူနားလည်သွားတယ်။

ဘားက နည်းနည်းလူကြပ်တာမို့ ချွီရီ့အပြင်ဘက်ရှိ ခုံတစ်ခုံတွင် တစ်ယောက်တည်းဝင်
ထိုင်နေလိုက်တယ်။

ပြီးတော့ သူအရက်သောက်တယ်။

အရသာလေးက မိုက်တယ်။

အရသာခါးခါးလေးကို မြည်းစမ်း
ရခြင်းက တကယ်မိုက်တယ်။

ခါးသီးသောအရသာကို မြည်းစမ်းရင်း,
သူကိုယ်သူ ပြန်တွေးနေမိတယ်,လတ်တ လောကြုံတွေ့ နေရတဲ့ ညစ်ကျယ်ကျယ်
ဖောက်သည်များ, မရေမတွက်နိုင်တဲ့ချိန်း
ဆိုမှုများ, သူ့မိခင်ထံမှ မရှိလာနိုင်သေး
သည့်လက်တွဲဖော်အတွက် စိုးရိမ်မှုတွေ
ကသူ့ကို စိတ်ပျက်စေတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now