EP17(U+Z)

10.8K 1.5K 22
                                    

EP 17 သူပြောမိလို့လား?

ချွီရီ့ ထိုနေ့ညက အိပ်မက်တစ်ခုမက်တယ်၊အိပ်မက်ထဲမှာသူကအလယ်တန်း ကျောင်း
တက်နေတုန်းပဲရှိသေးတယ်။

ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်တဲ့အချိန် အောက်ထပ်သို့သူရောက်ရုံရှိသေး
သူ့အိမ်ထဲမှ ဆူညံသံ တွေကို ကြားနေရတယ်၊
တစ်ခုခု ဖြစ်နေပြီထင်တာမို့ အပေါ်ထပ်သို့အမြန် အဆန် သူပြေးတက်လာခဲ့လိုက်တယ်။

တံခါးဖွင့်လိုက်တဲ့အခါ သူ့မိခင်ကကြမ်းပြင်ပေါ်မှာလဲကျနေတာကို သူတွေ့လိုက်ရတယ်၊
ဗိုက်ကိုလည်း လက်ဖြင့်ဖိလျက် ငိုနေပြီးသူ့ဖခင် ချမ်းကျန်းရှီကတော့ အရက်မူးနေလျက်
ဘေးမှာ ရပ်နေတယ်၊ ထို့နောက် ခြေထောက်ကို မြှောက်ကာ သူ့မိခင်ကိုထပ်မံကန်ကျောက်ရန် ကြံ ရွယ်နေတယ်။

ချွီရီ့ သူ့အမေအား ကာကွယ်ပေးရန်
အပြေးသွားခဲ့တယ်၊ ထိုအခါ ကန်ချက်က
ချွီရီ့၏နောက်ကျောပေါ်သို့ကျရောက်
သွားခဲ့တယ်။

မျက်ရည်တွေ ချက်ခြင်းပင်စီးကျလာသော်လည်းအကန်ခံရသည်မို့နာကျင်
တာကြောင့်တော့မဟုတ်ဘူး၊ထို့အစား ကြောက်လန့်ပြီး ဝမ်းနည်းလာတာ။

ချမ်းကျန်းရှီ ကအရက်အလွန်အကျွံ သောက်
ထားတာမို့ တစ်အိမ်လုံး အရက်နံ့က ထောင်းထောင်းထနေတယ်၊ချွီရီ့ မိခင်ဖြစ်သူအတွက် ကန်ချက်ကိုကာကွယ်ပေးခဲ့ပြီးနောက် တဖက်သို့လှည့်ကာ ချမ်းကျန်းရှီအား
တွန်းထုတ်လိုက်မိတယ်၊သူ့တွန်းအားကြောင့်
ချမ်းကျန်းရှီ ခြေလှမ်းအနည်းငယ် မခိုင်ဘဲ
ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့တယ်။

ချွီရီ့ မိခင်ဖြစ်သူအား ထနိုင်ဖို့ အမြန်ကူညီပေးခဲ့တယ်၊ သူ့မိခင်မျက်လုံးတွေ ပိတ်ကျနေတာကို မြင်တဲ့အခါ သူအတော်လေး ထိတ်
လန့်သွားပြီး ကျောင်းလွယ်အိတ်ကိုချကာ
မိခင်ဖြစ်သူကို ကျောပိုးလိုက်တယ်၊ထို့နောက်
အောက်ထပ်သို့ဆင်းကာ နီးစပ်ရာ ကားတစ်စီးကို တားပြီး ဆေးရုံသွားတယ်။

ချွီရီ့ ကွယ်ရာ၌ ချမ်းကျန်းရှီက သူ့မိခင်ကို
အမြဲ ရိုက်နှက်နေခဲ့တယ်၊ ကလေးဘဝတုန်းကတော့ သူတို့ မိသားစုဘဝလေးအခြေအ နေ ကောင်းကာ ခုလိုမျိုး မဆိုးဝါးခဲ့ သူ့မိခင်က သူ့ကို အမြဲတမ်းလိမ်ညာနေခဲ့တယ်။ ဆယ်ကြိမ်တွင်ရှစ်ကြိမ်လောက်ထိချွီရီ့
လုံးဝ မသိခဲ့ဘူး။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now