EP54(U+Z)

9.1K 1.4K 63
                                    

[U ]

EP 54 အတွေးတစ်ခု

ချင်ရိဟန် ရဲ့ ရယ်မောခြင်းကနွေးထွေးမှု နှင့်အတူ ချစ်ခြင်းမေတ္တာပေါ်ရူးသွပ်နေသူကဲ့သို့
အနည်းငယ်ယူဆလို့ ရနိုင်တယ်။

ကျောက်ရှင်က သူ့ အစ်ကိုရဲ့ အမူအရာ
ကြောင့် ရွှင်မြူးလာတယ်,

"ကော, ကောရဲ့ ယောကျ်ားပီသမှုက
ကျွန်တော့်ကိုအံ့အားသင့်စေတယ်"

ချင်ရိဟန် : " အမ်?"

ကျောက်ရှင်ခေါင်းခါလိုက်တယ်,

" ဘာမှမဟုတ်ဘူး"

ထို့နောက် သူဖန်ခွက်ကို မြှောက်လိုက်ပြီး
ချင်ရိဟန် နှင့်ခွက်ချင်းတိုက်ကာသောက်ဖို့ ကြံရွယ်ချိန် ချင်ရိဟန်ကတကျိုက်တည်း
မော့ချလိုက်တယ်။ကျောက်ရှင်ပါးစပ်ထဲ
ဝိုင်ရောက်တဲ့အချိန် ချင်ရိဟန်က သောက်
လို့ကုန်သွားပြီ။

ကျောက်ရှင်ခေါင်းခါပြီး ရယ်ရင်း
ချင်ရိဟန်နဲ့အတူ လိုက်သောက်တယ်၊

တကယ်ထင်မထားဘူး...လုံးဝထင်မထားဘူး၊

ချင်ရိဟန် ကောကောက ငယ်စဉ်ကတည်းက
ထူးချွန်တယ်, IQမြင့်ပြီး အောင်မြင်မှုတွေလည်း ရခဲ့တယ်၊ ခုထိ ထိုသူက အချစ်အကြောင်း ဘာဆို ဘာမှမသိသူတဲ့လား?

သူ့ ဇနီးကို သဘောကျကြောင်းသူ့ကိုယ်သူ
ခုမှသိရခြင်းကကျောက်ရှင်ဘဝတ လျှောက်လုံးသိခဲ့ရတဲ့အရာတွေထဲမှာအံ့အားသင့်စရာ
အကောင်းဆုံးပဲ။

ကျောက်ရှင်ဝိုင်ဆက်သောက်တယ်၊

အခုဆို သူအရမ်း စပ်စုပြီး အရမ်းတွေ စိတ်ဝင်စားနေတယ်,

"ဒါဆို ကော, မရီးက ကောသူ့ကိုကြိုက်တာကို မသိဘူးမလား?"

ချင်ရိဟန်ခေါင်းခါပြလာတယ်,

"သူမသိဘူး"

ကျောက်ရှင် မေးစရာရှိလာပြီ...

အိုက်ယား...သူမေးရမယ်...သူ ဒါကို
တကယ်မေးချင်နေတာ...

" ကော,ကောတို့က မထင်မှတ်ပဲ
လက်ထပ်ဖြစ်သွားတာလား?"

ချင်ရိဟန် ခေါင်းညိတ်တယ်,

"အင်း"

'အော်..."

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now