EP79(U+Z)

7K 1.1K 65
                                    

[ U ]

EP79သီချင်းဆိုမယ်

ချွီရီ့ ချင်ရိဟန် ရဲ့ ခံစားချက်ကို နားလည်
ပေးနိုင်တယ်။

အကယ်၍ သူသာချင်ရိဟန်ရဲ့ အထက်တန်း
သူငယ်ချင်းတွေ ပြန်လည်တွေ့ဆုံပွဲ သွားရင်
ချင်ရိဟန်ကိုလည်း သူ့သူငယ်ချင်းတွေက
ပေါင်ပေ့လို့ ခေါ်နိုင်တယ်။အဲ့လိုဆိုသူလည်း
သေချာပေါက် ဒေါသထွက်နိုင်တယ်။

ဒါကြောင့်သူဘာမှမမှားဘူးလို့
မတွေးသင့်ကြောင့်ခံစားမိတယ်။

ချင်ရိဟန်ဒေါသထွက်သင့်တယ်။

အိမ်ထောင်ဖက်စိတ်ဆိုးတဲ့အခါ
ဘာလုပ်သင့်လဲ?

သူ့ကို ချော့ရမှာပေါ့!

"ဟီးဟီး "

ချွီရီ့ အဆင်မပြေတဲ့လေထုကို လျော့ပါးစေရန် နောက်ထပ်ရယ်လိုက်မိတယ်။

ချင်ရိဟန်ရဲ့ လက်ရှိ စိတ်အခြေအနေအရ
သူ့အနားသို့ လာပြီး သူ့ကို ဘာမှလည်းလုပ်မှာ မဟုတ်တာကို သူခံစားမိတယ်၊ဒါကြောင့်
တံခါးနားမှထွက်လာပြီး ဖုန်းကိုထုတ်လိုက်တယ်။

ချွီရီ့ ဂရုချက်ထဲသ်ု့ဝင်ပြီးတဲ့နောက်ရှောင်ကျဲရဲ့ စကားကို ညွန်ပြကာပြောလာတယ်,

" သူတို့လည်း ဒီကိစ္စက လေးနက်တယ်ဆိုတာကို သိသွားကြပြီ,သူတို့ အကျင့်ပါနေ
ကြလို့ပါ"

ချွီရီ့ ချင်ရိဟန်ကို တချက်လှည့်ကြည့်တယ်၊
ချင်ရိဟန်ဘက်မှ စိတ်မရှည်တဲ့ အမူအရာမရှိတာကို တွေ့ရတဲ့အခါ သူဆက်ပြီး အပေါ်က
စာတွေကို ဆွဲယူလိုက်တယ်။

"ဒီအောက်က စာအိတ်လေးတွေကိုကြည့်,
သူတို့ရဲ့ အပြစ်ဒဏ်လေးတွေလေ"

ချွီရီ့ အောက်သို့ ဆွဲလိုက်ရင်း ထပ်ပြောလိုက်တယ်၊ထို့နောက် သူဂရုချက်ထဲသို့ စာပို့လိုက်တယ်။

"မင်းတို့ ကောင် တွေ နောက်ငါ့ကိုပေါင်ပေ့
လို့ မခေါ်တော့နဲ့"

ချွီရီ့ စကားပြောလာမှာကို စောင့်နေကြသည်လား သို့မဟုတ်ဖုန်းတွေ ကြည့်နေကြလားတော့မသိ၊ ညနေက ရောက်လာတဲ့သူမှန်သမျှဆယ် စက္ကန့်အတွင်းမှာပဲ စာပြန်လာ
ကြတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now