EP42(U+Z)

10K 1.6K 60
                                    

[ U ]

EP42 ရှောင်ကောကော

ချွီရီ့ အံ့အားသင့်နေတယ်။

သူ့မိုမန့်၌ဒီပိုစ့်တင်လိုက်ခြင်းကိုမှားယွင်းသွားပြီလို့ပင်သူရုတ်တရက်ခံစားမိလာတယ်။

မစ္စတာကျောက်ရဲ့ အော်ဒါက ခုချိန်ထိမပြီးသေးဘူး၊သူငယ်ချင်းတွေပို့လာတဲ့ မက်ဆေ့တွေကိုလည်းသူကြည့်နေရတယ်။

ချွီရီ့ သုံးလေးယောက်ကိုသာစာပြန်ခဲ့ပြီး
အသံပိတ်ကာဒီဇိုင်းအပေါ်တွင်သာ အာရုံစိုက်ကာ အလေးအနက်ထားလုပ်နေခဲ့တယ်။

မစ္စတာ​ကျောက်က တောင်းဆိုချက်များစွာကို
ပေးပို့ခဲ့တယ်၊ဒါပေမဲ့ အများစုကအချက်သေးသေးလေးတွေသာဖြစ်တယ်၊ထိုဒီဇိုင်းအားချွီရီ့ ဆယ်မိနစ်ကျော်မျှ ပြန်လည်မွမ်းမံလိုက်တယ်။

ဒီဇိုင်းအား မစ္စတာကျောက်ဆီပေးပို့လိုက်ပြီးနောက်သူ့ မိုမန့်ကနေတဆင့် ချင်ရိဟန်
တင်ထားတဲ့ ပိုစ့်ကိုသူကြည့်လိုက်တယ်။
ယုတ္တိကျကျပြောရမယ်ဆိုရင်,သူနဲ့ ချင်ရိဟန်
တို့၌ တူညီသူငယ်ချင်းမရှိပေမဲ့ထိုပိုစ့်အောက်
မှတ်ချက်တွင်သူသိနေသူတစ်ယောက်ကို တွေ့လိုက်ရတယ်။

Screenshotရိုက်နေတဲ့ ချွီရီ့ လက်တွေ
ခတ္တခဏရပ်တန့်သွားမိတယ်၊ထိုသူက
မစ္စတာကျောက်ဆိုသူဖြစ်တယ်။

" ဂုဏ်ယူပါတယ်ကောကော"

မစ္စတာကျောက်?

ကောကော?!

ချွီရီ့ ရုတ်တရက် စိတ်ထဲအချဥ်ပေါက်သွားတယ်။သူတောင်ချင်ရိဟန်ကိုကောကောလို့
မခေါ်ရသေးဘူး။

ဒါပေမဲ့ စက္ကန့်အနည်းငယ်အကြာ၌သူကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်တယ်၊မစ္စတာကျောက်
က သူ့ကိုလည်းရှောင်ကောကောလို့ခေါ်သေးတာပဲမလား ?

ဒါက မစ္စတာကျောက်ရဲ့လုပ်ရိုးလုပ်စဥ်ဖြစ်နိုင်တယ်။

ကောကောနဲ့ ရှောင်ကောကော..!!

ဒါက အတူတူပဲမလား?!

ချွီရီ့ ထိုပိုစ့်ကို ဓာတ်ပုံရိုက်ပြီးအယ်ဘမ်ထဲတွင် သိမ်းထားလိုက်တယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now