EP26(U+Z)

11K 1.5K 31
                                    

..[ U ]

EP26 ချင်ရိဟန်..သဝန်တိုနေတာလား?

ချင်ရိဟန်ရောက်လာတဲ့အခါ ကျိုးရှောင်နဲ့
ချွီရီ သူတို့၏လက်လှုပ်ရှားမှုတွေကိုရပ်တန့်လိုက်ကြတယ်။

ကျိုးရှောင်က ဖန်သားပြင်ပေါ်မှဗီဒီယိုကို
ခတ္တရပ်တန့်ပြီး ချွီရီ့ကလည်းမတ်တပ်ထ
ရပ်တယ်။

" မင်းဟိုးတုန်းကလုပ်ထားတဲ့ ဆော့ဝဲလ်တွေကို ကြည့်နေတာ'

ချင်ရိဟန် အနီးသို့သွားပြီး သူ့ဖုန်းလေးကိုထုတ်ကာ ဆော့ဖ့်ဝဲလ်လေးကိုပြရင်းချွီရီ့ ပြောလိုက်တယ်၊

" ဒီတစ်ခုကို မင်းလုပ်ထားတယ်ဆိုတာကို
ငါခုမှသိတာ, မင်း ကုမ္ပဏီက ဝန်ထမ်းတွေ
လုပ်တယ်လို့ပဲ ထင်ခဲ့တာ, ဒီတစ်ခု, ဒီတစ်ခုပြီးတော့ ဒီတစ်ခုရောပဲ, ငါဒါတွေကိုသုံးတာ
ကြာပြီ"

ကျိုးကျုံးလျန်က သူ့အား ကြွားဝါသည့်အနေဖြင့် သူတို့ ကုမ္ပဏီမှဖန်တီးထားသည့် ဆော့ဖ်ဝဲလ်ပေါင်းများကို ပြောပြခဲ့ဖူးတယ်။အဲ့ဒီတုန်းကဆို ကျိုးကျုန်းလျန်ကို သူအတော်လေးအထင်ကြီးခဲ့တာ။

ဒါပေမဲ့ မထင်မှတ်ဘဲ အမှန်တကယ်အထင်ကြီးလေးစားရမည့်သူက
သူ့ဘေးနားမှာရှိနေခဲ့တယ်လေ။

သို့ပေသိ..ထိုသူကြီးကတော့ အများကြီး
ဂရုမစိုက်ပုံရလျက်သူ့ကို 'အင်း 'ဟုသာ
အသံပြုပြီး မေးလာတယ်၊

"မင်းဘယ်နေရာတွေ သွားပြီးပြီလဲ?"

ချွီရီ့ ဖုန်းလေးကို ပြန်ယူပြီး ,

"ငါ အောက်ထပ်တထပ်လုံးတော့ လိုက်ကြည့်ပြီးပြီ, ညဘက်ကြီးဆိုတော့ လူလည်းမရှိ၊
နည်းနည်းလေးတော့ ပျင်းစရာကောင်းတယ်"

ချင်ရိဟန်က လက်ကိုမြှောက်ကာ ချွီရီ့နဖူးရှေ့မှဆံစလေးတွေကို ထိတွေ့လိုက်တယ်။

သူနဖူးထက်မှဆံစလေးတွေက မျက်လုံးကိုပင် အနည်းငယ် ဖုံးအုပ်သွားသည်အားချွီရီ့ ခံစားမိနေတယ်။

ဒါကြောင့်မို့ သူက ခေါင်းလေးကိုစောင်းကာ
သူ့ဆံပင်ကို ခွဲလိုက်ရင်း ဆက်ပြောလိုက်တယ်၊

" ပြီးတော့ မင်း လုပ်ထားတဲ့ ဆော့ဝဲလ်တွေ
ကို ကြည့်ဖို့ ငါ့ကို ကျိုးရှောင်ကဒီကိုခေါ်လာတယ်"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now