EP57(U+Z)

9.5K 1.4K 76
                                    

[ U ]

EP57 ...အခေါ်အဝေါ်လေး

ချွီရီ့တစ်ယောက်ချင်ရိဟန်ရဲ့ပရောပရည်လုပ်ခြင်း၌တဖန်ပြန်လည်ကျရှုံးသွားခဲ့ရတယ်။

ကိတ်မုန့်ကို တစ်လုတ်ထဲ ဘယ်လိုမျိုချမိ
လဲကိုပင်မသိတော့၊ ကိတ်မုန့်ကဒီနေ့မှ
ပင်ထူးထူးခြားခြားချိုမြိန်နေတယ်လို့
ခံစားမိနေတယ်။

ချိုမြိန်မှုတို့က မှတ်ညာဏ်တွေထဲတိုးဝင်
သွားပြီး သူ့ကို ပင်မူးဝေလာစေတယ်။

ချွီရီ့ ရုတ်တရက်သဘောပေါက်သွားချိန်
အကိုက်ခံလိုက်ရပြီ။

"အာ, မင်းဘာလိုချင်လို့လဲ?"

ချွီရီ့ ချင်ရိဟန်ကို မေးလိုက်တယ်။

ချင်ရိဟန်က ရယ်ပြီး စားပွဲပေါ်မှ ပန်းကန်လွတ်လေးကို မေးငေါ့ပြလာတယ်,

"ကိုယ်ဘာစားရမလဲ?"

ချွီရီ့ သူ့ပါးစပ်ထဲသို့မထည့်ရသေးတဲ့
ကိတ်မုန့်ကို ကိုင်ထားရင်း ပြောလာတယ်,

" လိုချင်လို့လား?"

ချင်ရိဟန် ခေါင်းခါပြတယ်,

"မင်းပဲစားပါ"

ထို့ကြောင့်ပင် ချွီရီ့ ကိတ်မုန့်စားလို့ကုန်သည်အထိချင်ရိဟန်ကိုသာစိုက်ကြည့်နေမိတယ်၊

ချင်ရိဟန် : "စားလို့ကောင်းလား?"

ချွီရီ့ ခေါင်းညိတ်ပြတယ်,

"အရသာရှိတယ်"

ချင်ရိဟန်: " ချိုလား?"

ချွီရီ့ ခေါင်းညိတ်ပြရင်း,

"ချိုတယ်"

ချွီရီ့ ကိတ်မုန့်လေးစားတဲ့အနေအထား
က မနှေးမမြန်လေးဖြစ်တယ်။ချင်ရိဟန်
ကလည်း သူ့ကို အသေအချာလေး ကြည့်
နေတယ်။

တံခါးဝဝင်လာကတည်းကသူ့မျက်နှာလေး
ခဏမျှရဲနေပေမဲ့ အနမ်းတို့ ပြီးဆုံးချိန်တွင်မူ
မျက်နှာလေးနီစွေးမနေနိုင်တော့ဘူး၊

ဒါပေမဲ့ သူ့နှုတ်ခမ်းလေးတွေတော့
အလွန်အမင်းနီစွေးနေလိမ့်မယ်။

နားရွက်လေးတွေရောပဲ။

သူ့နားရွက်လေးတွေ တချိန်လုံးနီနေပြီး
ဘယ်လိုနည်းနဲ့မှနီစွေးမှုက လျော့မကျ
နိုင်လောက်ဘူး။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now