EP30(U+Z)

11.3K 1.5K 29
                                    

[ U ]

EP30 ဂွတ်နိုက်ပါ..လောင်ကုန်း

ချင်ရိဟန် အိမ်မှထွက်သွားပြီးသိပ်မကြာမီ
အမြန်ရထားပေါ်ရောက်နေပြီဖြစ်ကြောင်း
ချွီရီ့ ထံ မက်ဆေ့ ပို့ပေးလာတယ်။

ချွှီရီ့ ဘက်မှ အိုကေဟု ပြန်ဖြေပြီး
လမ်းတွင်ဂရုစိုက်ဖို့ မှာလိုက်တယ်။

ထို့နောက်ချွီရီ့ စကားပြောရာ chat box
ကို အနည်းငယ်လှန်လှောကာကြည့်လိုက်
မိတယ်။

ချင်ရိဟန် နဲ့ သူ ပြောသည့်စကားဆိုတာကလည်းအများကြီးရှိမနေခဲ့။ ဒါကိုတောင်
ထို စာလေးတွေကို ချွီရီ့ အချိန် အတော်ကြာ
ကြည့်နေမိသေးတယ်။

ဘာမှထပ်ကြည့်စရာမရှိတော့ချိန်မှ ချွီရီ့ chat boxထဲက ပြန်ထွက်လာလိုက်တယ်။
သူ့မို့မန့် မှာ အနီရောင်အစက်လေး ပေါ်လာတယ်၊ သူ ကြည့်လိုက်တော့ကျန်းခိုင်ပိုစ့်
တစ်ခု တင်ထားတာကို တွေ့ရတယ်။

နှင်းများဖွေးဖွေးလှုပ်နေတဲ့လမ်းမကြီး တစ်ခု ပုံဖြစ်ပြီး တည်နေရာကမြောက်ပိုင်းမြို့တစ်ခုတွင်ဖြစ်လောက်တယ်။ ခေါင်းစဥ်က ,

" ဘယ်ခွေးကိုအေးခဲပြီး သေအောင်
အသေသတ်ဖို့ကြိုးစားနေတာလဲ?"

ချွီရီ့ တခစ်ခစ်ဖြင့် ရယ်မိရင်း ကျန်းခိုင်ရဲ့
chat boxကို ဖွင့်လိုက်တယ်။

ချွီရီ : " အလုပ်ကိစ္စနဲ့ သွားရတာလား?"

ကျန်းခိုင်: " ဟုတ်တယ်,အေးတာသေမတတ်ဘဲ"

ကျန်းခိုင် : " နှင်းတွေလည်း ကျနေတယ်"

ကျန်းခိုင် : " နှင်းကျတာမှမတရားပဲ"

ကျန်းခိုင်: " မင်းကဘယ်လို ကြောင့် အစောကြီး နိုးနေတာလဲ?"

ချွီရီ့: " ချင်ရိဟန် က ဒီနေ့ အလုပ်ကိစ္စနဲ့
ခရီးသွားရလို့"

ကျန်းခိုင် : " မင်းဘာလို့ အစောကြီး နိုးနေ
တာလဲလို့ ငါမင်းကို မေးတာကို ချင်ရိဟန် အလုပ်ကိစ္စနဲ့ ခရီးသွားတာကြောင့်လို့
ပြောတာလား?"

ချွီရီ့ : " ဟင်း (သက်ပြင်းချသံ)...အဲ့ဒါကြောင့် မဟုတ်ဘူး...သူရထားစီးဖို့ စောစောထရတယ်လေ"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now