EP51(U+Z)

9.4K 1.3K 50
                                    

[ U ]

EP 51 ပြိုင်ပွဲလေး တစ်ခု

ချွီရီ့ အတွက် ဒါကျအတော်လေး အခက်တွေ့စေပြီ။

ချင်ရိဟန်ကပရောပရည်လုပ်လေ့ရှိသူမဟုတ်ပေမဲ့သူ့ကိုအမြဲတစေခုလိုမျိုးပုံစံနဲ့ ရှက်ရွံ့စေတယ်။

မင်းသဘောကျတယ်ဆိုရင်,
ဘာလို့ မင်းချမရေးတာလဲ?

လူတိုင်းက မင်းလို ပွင့်ပွင့်လင်းလင်း
သမား မဟုတ်ဘူးလေ..ကောကော!

ချွီရီ့ အချိန်အတော်ကြာသည်အထိစဥ်းစားမိပြီး နောက်ဆုံးတွင် အရိုးခံလေးအတ်ိုင်းသူတစ်ခုသာပြန်ပြောနိုင်တယ်၊

" ငါရှက်တယ်"

ခဏအကြာချင်ရိဟန် စာပြန်တယ်,

"နားလည်ပြီ"

ချင်ရိဟန်ကြောင့် ချွီရီ့ တစ်ယောက်ရယ်လည်း ရယ်ချင်နေမိတယ်။နေ့ခင်းကြောင် တောင်ကြီးသူ့ကြောင့်ပင်သူ့အာရုံကြော
ဆဲလ်တွေလည်းအတက်အကျမြန်နေတယ်။

အချိန်အတော်ကြာသည်အထိ စောင့်နေခဲ့ပြီးနောက်, ချင်ရိဟန်စာထပ်ပို့မလာတော့သည်မို့ ချွီရီ့ ဖုန်းကို ဘေးချပြီးအလုပ်ပြန်လုပ်နေလိုက်တယ်။

တဖက်ရှိ ချင်ရိဟန်သည်လည်းဖုန်းလေးကိုင်ထားလျက်ချွီရီ့ ရဲ့တုံ့ပြန်မှုကိုစောင့်တယ်၊

သူစောင့်ပြီးရင်းစောင့်ရင်းကဖုန်းဝင်လာတယ်၊ခေါ်ဆိုသူကို ကြည့်လိုက်ရာကျောက်ရှင်ဖြစ်နေတာမို့ စက္ကန့်မျှ ဇဝေဇဝါဖြစ်ပြီး
ဖုန်းကိုင်လိုက်တယ်။

"ကော!"

ကျောက်ရှင့်က အော်ခေါ်လာပြီး မေးတယ်,

" ကောမြို့တော်Wကို လာတယ်လို့
အန်တီက ပြောတယ်,အဲ့ဒါဟုတ်လား?
တကယ်လား?"

"အင်း "

ကျောက်ရှင် အားရဝမ်းသာဖြစ်သွားတယ်,

"ကော, ကျွန်တော်လည်း မြို့တော်Wမှာပဲ,
ကောဘယ်လောက်ကြာမှာလဲ ?ကျွန်တော်
ဒီရက်တွေ အားနေတယ်,ကျွန်တော်ကောကို လာရှာမယ်, ကျွန်တော်တို့မတွေ့ရတာလည်း
အတော်ကြာနေပြီ"

ချင်ရိဟန် ခဏစဥ်းစားပြီး ,

"အခြေအနေကြည့်ဦးမယ်"

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now