EP76(U+Z)

6.8K 1.1K 39
                                    

[ U ]

EP76 နှစ်ဖက်မိဘတွေ့ဆုံကြရာ

ထိုညတွင် ချွီရီ့ ချင်ရိဟန် ပါတဲ့ ရှည်လျား
တဲ့အိပ်မက်လှလှလေးတစ်ခု ရှိခဲ့တယ်။

အိပ်ရာက လက်တွေ့ နိုးလာတော့အိပ်မက်
က တကယ်လက်တွေ့ ဖြစ်နေတာကို သိ
လိုက်ရတယ်။

မနေ့က ချွီရီ့ အလုပ်နားတာမို့ ရုန်ရုန်နဲ့ ရှောင်ကျန်း တို့ကပဲသူ့အလုပ်တွေကို ခွဲဝေယူကြတယ် ၊ဒါကြောင့်ဒီနေ့ , ချွီရီ့ ပျင်းရိနေဖို့
အကြောင်းပြချက်ပင်မရှိတော့၊ ချင်ရိဟန် နဲ့
မနက် အိပ်ရာ အတူ ထပြီးနောက် ရှောင်ချန်းရဲ့ ကားကို စတူဒီယိုဆီ ခေါ်လာလိုက်ရတယ်။

စတူဒီယိုကို ရောက်တဲ့ အခါ ရှောင်ကျန်းနဲ့
ရုန်ရုန်က သူ့အဖျားအတွက် စိုးရိမ်နေကြသေးတယ်၊ခဏလောက်စကားစမြည်ပြော
ကြပြီးတဲ့နောက်သူတို့အလုပ်စလုပ်ကြတယ်၊

သူကွန်ပျူတာ ဖွင့်ဖွင့်ချင်း , ရုံးခန်းတံခါးဆီမှ တံခါးခေါက်သံ နှစ်ကြိမ်မျှ ထွက်ပေါ်လာပြီး
တံခါးအတွင်းဘက်သို့ ပွင့်လာတယ်။

ချွီရီ့ ကြည့်လိုက်ရာဝင်လာတဲ့သူ့ကို တွေ့ တဲ့အချိန် အံ့အားသင့်သွားတယ်။

"မား?"

ချွီရီ့ ထရပ်ပြီး ပြောလိုက်တယ်,

"ဒီကိုဘယ်လိုရောက်လာတာလဲ?"

"မင်းငါ့ကို တကူးတက သီးသန့်ကြီး
လာခေါ်ရမှာစိုးလို့, ငါလည်း ဒီမနက်
ဘာမှလုပ်စရာမရှိဘူးမို့ မင်းနဲ့ အတူ
ဒီမှာပဲ လာစောင့်တာ"

ချွီရီ့ ရယ်တယ်,

"မနက်စာစားပြီးပြီလား?"

"ငါစားပြီးပြီပြီ"

သူ့ အမေလက်ထဲမှ ပစ္စည်းတွေကို ကြည့်ပြီး ချွီရီ့ မေးလိုက်တယ်၊

" ဒါတွေက ဘာတွေလဲ?"

"တွေ့ဆုံပွဲ အတွက်လက်ဆောင်...
ရှောင်ချင်ရဲ့ မိဘတွေ အတွက်လေ"

"အာ, မင်း အခုမေးမှ ငါ သတိရတယ်,
ဒီ အနီးနားမှ ATMရှိလား?"

ချွီရီ့ ခေါင်းညိတ်ပြီး,

"ဟိုနားလေးမှာပဲ, မားပိုက်ဆံထုတ်ချင်လို့လား?"

သူအမေက ပြုံးပြရင်း ပြောလာတယ်,

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Where stories live. Discover now