3

4.5K 583 23
                                    

[Zawgyi]
Chapter 3(ထွက်ပြေးဖို့ကြိုးစားနေတဲ့ အယ်ဖာ)

တုရှန်း တကိုယ်လုံးချွေးတွေရွဲနေပြီး ကြမ်းပြင်ပေါ်  ပုံပုံလေးထိုင်နေရတယ်။  အခုအချိန်မှာ အသိစိတ်ရှိနေသေးပေမဲ့ မသိစိတ်ကတော့ တံခါးလော့ကိုပဲကြည့်နေကာ တံခါးကိုဆွဲဖွင့်ချင်တဲ့စိတ်သာစိုးမိုးနေတယ်။ အိုမီဂါတစ်ယောက်က အခုချိန်မှာ တားဆေးမသုံးဆွဲတာပဲဖြစ်ဖြစ် အယ်လ်ဖာနဲ့မပေါင်းဖက်တာပဲဖြစ်ဖြစ် လုပ်ခဲ့မယ်ဆိုလျှင် သေချာပေါက် အသက်ပင်သေနိုင်သည့် အနေအထားရှိနေတယ်။

တုရှန်း တစ်ယောက် ရှင်ခြင်းနဲ့သေခြင်းကြားလွန်ဆွဲနေခဲ့ပြီး ရှင်သန်ဖို့ကိုသာ ရွေးချယ်ချင်နေခဲ့တယ်။ဒါကြောင့် ချက်ချင်းမတ်တပ်ထရပ်ပြီး တံခါးကိုဆွဲဖွင့်ကာ သူ့ခန္ဓာကိုယ်ထဲကို အလုံးအရင်းတိုးဝင်နေတဲ့ ဖယ်ရိုမုန်းရှိရာအခန်းဆီ ဦးတည်သွားနေတယ်။တုရှန်း တစ်ကိုယ်လုံးက အယ်လ်ဖာဖယ်ရိုမုန်း၏ တိုက်ခိုက်ခြင်းခံထားရတာကြောင့် အားအင်ချိနဲ့နေပေမဲ့ မရရအောင် လက်နဲ့အားယူပြီး  သူ့အယ်ဖာ နှင့် နီးနိုင်သမျှနီးစေရန် ဖြည်းဖြည်းချင်းဆီတရွေ့ရွေ့သွားနေရတယ်။

တချိန်တည်းမှာပဲ ယန်ကျိ လည်း မသက်မသာခံစားနေရပြီး ထိုအိုမီဂါရဲ့ ဖယ်ရိုမုန်းက ပိုပိုသန်မာလာတာကို ခံစားမိနေရတယ်။သူက မြုံနေတာမဟုတ်ဘူးလား။ ဘာလို့ဖယ်ရိုးမုန်းကဒီလောက်အထိ အားကောင်းနေရတာလဲ။ အဲ့ဒီဖယ်ရိုမုန်းက သူသောက်ခဲ့မိတဲ့ဆေးထက်တောင် သူ့ကိုပိုမတည်မငြိမ်ဖြစ်စေတယ်။ ယန်ကျိ က လက်ရှိမှာ လမ်းလျှောက်စက်ကို အဝေးမှာချထားပြီး သူကတော့ ‌ကုတင်ပေါ်မှာလှဲနေတာဖြစ်တယ်။အပူငွေ့တွေကနေသက်သာအောင် တခြားသောအယ်ဖာတွေလုပ်လေ့ရှိတဲ့ ရှိသမျှအဝတ်တွေအားလုံးကို ချွတ်ပစ်ထားတယ်။

ထိုအချိန်မှာပဲ တုရှန်း က ရေချိုးခန်းထဲကထွက်လာခဲ့တာကြောင့် ယန်ကျိ အလန့်တကြားနဲ့ သူ့ကိုယ်သူလုံအောင်ဖုံးလိုက်ရတယ်။ ဒီအခြေအနေက သူ့ကိုရှက်စေပြီး ထိုအိုမီဂါရဲ့အားကောင်းတဲ့အနံ့ကလည်း သူ့အနားမှာတိုးဝေ့နေတယ်။

"မင်း heat ဝင်နေတာလား"

ယန်ကျိ အံ့အားသင့်စွာမေးလိုက်မိတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now