42

1.6K 206 5
                                    

[Unicode]
Chpater-42 (သန္ဓေသားလှုပ်ရှားခြင်း)

Star D မှာရှိနေတဲ့ တုချိ ရဲ့ဗိုက်က အခုဆို ဖရဲသီးဆိုဒ်လောက်ထိပူလာခဲ့ပြီဖြစ်တယ်။ရူချွိ တစ်ယောက်ကတော့ တုချိ ကို Star C ကို ပြန်ဖို့ညှိနိူင်းနေတယ်။ Star D ကသူတို့အိမ်မဟုတ်သလို အကြာကြီးနေထိုင်ရန် ရွေးချယ်ဖို့အတွက်ကလည်း သိပ်အဆင်မပြေနိုင်။  သူ့ရဲ့လုပ်ငန်း ၊ မိသားစု  နဲ့ တခြားသောကိစ္စတွေကလည်း Star C မှာသာရှိနေတာကြောင့်လည်းပါပေမဲ့ တုချိ ကတော့ ပြန်ဖို့ကိစ္စကို အခုထိ ငြင်းဆန်နေဆဲပင်။

"မင်းပြန်ချင်ရင် မင်းဘာသာပြန်"

တုချိ စိတ်ဆိုးဆိုးနဲ့ပြောလိုက်တယ်။ သူ Star C ကိုမပြန်ချင်ဘူး။ သူ့ရဲ့သတင်းကလည်း ပြန့်နေပြီးသားဖြစ်သလို တုမိသားစု ကလည်း သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး။အဲ့ဒါကြောင့် ဝမ်းနည်းစရာအတိတ်တွေရှိခဲ့တဲ့ ထိုနေရာကို သူပြန်မသွားချင်ဘူး။

ရူချွိ ခေါင်းတွေပါကိုက်လာတယ်။တုချိ တစ်ယောက်တည်း Star D မှာထားခဲ့ဖို့ကလည်း သူခွင့်မပြုနိုင်။တုချိ နဲ့အတူရှိနေခဲ့တဲ့ ဒီကာလအတွင်း
တုချိ ရဲ့နေထိုင်မှုပုံစံက နားလည်ရခက်တယ်။သူက ဘာတစ်ခုမှမလုပ်နိုင်သလို ကိစ္စအများစုကိုပင် စက်ရုပ်တွေကိုသာ အစားထိုးခိုင်းတတ်တယ်။  ဒါပေမဲ့ စက်ရုပ်ဆိုတာကလည်း အရာအားလုံးထိလုပ်ဖို့က မသင့်တော်ဘူးမလား။

"မားက မင်းကိုအရမ်းလွမ်းနေတယ်"

ရူချွိ ဗျူဟာကိုပြောင်းလိုက်တယ်။တုချိ မှာ ရူမားမား နဲ့ပတ်သက်ပြီး ခံစားချက်တချို့ရှိတတ်ပြီး တစ်ခါတစ်လေများဆို တုချိ တစ်ယောက် ရူမားမား နဲ့အကြာကြီး ဗီဒီယိုကောခေါ်ဆိုနေတတ်တာကို မြင်ရလေ့ရှိတယ်။

တုချိ ခဏတော့ တုန့်ဆိုင်းသွားတယ်။ရူမားမား က သူ့အပေါ်အရမ်းကောင်းတယ်။ဒီရက်တွေအတွင်း ရူမားမား က ရူချိ တစ်ယောက် သူ့ကိုကောင်းကောင်းဂရုမစိုက်မှာကိုစိုးရိမ်ပြီး Star D ကိုလာဖို့ပင် ပြင်နေခဲ့သေးတယ်။ဒါပေမဲ့ ရူမိသားစု မှာ ကိုင်တွယ်စရာကိစ္စတွေအများကြီးရှိပြီး  ရူမားမား မရှိလို့မဖြစ်တာကြောင့် လာမဲ့ကိစ္စကိုဘေးဖယ်လိုက်ရတယ်။ဒါပေမဲ့လည်း သူမကတော့ သူ့ကိုယ်ဝန်ဆောင်အတွက် လိုအပ်တာ မှန်သမျှကို ပေးပို့နေဆဲဖြစ်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now