54

777 112 0
                                    

[Unicode]
Chapter-54 (ကွာရှင်းခြင်း)

Star C နဲ့ လော်ဂါ တို့ကြားကတိုက်ပွဲဟာဆိုရင် နောက်ဆုံးအခြေအနေကိုရောက်ရှိနေပြီး ပြင်းထန်နေဆဲ။ဘယ်သူကမှ ရှေ့တိုး နောက်ဆုတ်အရှုံးပေးလာခြင်းမရှိတာကြောင့် လော်ဂါတွေရဲ့အကြီးအကဲဖြစ်တဲ့ ဘိစ့် က ထိုကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်လာတယ်။

"ငါတို့ဘာဆက်လုပ်ကြမလဲ''

ဘိစ့် ထို အနက်ရောင်ဝတ်စုံနဲ့လူကိုမေးလိုက်တော့ ထိုအမဲရောင်နဲ့လူက လက်ကိုဖြန့်ကားလာကာ

"ငါမင်းကိုအခွင့်အရေးပေးခဲ့ပြီးပြီပဲ"

ဘိစ့် ပါးစပ်က လျှာက အဆက်မပြတ်လှုပ်ရှားနေပြီး အဲ့ဒီနောက် လော်ဂါ Star ခေါင်းဆောင်နဲ့ချိတ်ဆက်လိုက်တယ်။

"ငါတို့ စစ်သားပိုလိုတယ်"

ဘိစ့် ကတော့ အင်အားပိုတောင့်တယ်ဆိုတာ အနိုင်ရခြင်းပဲလို့ ယုံကြည်တယ်။

သိပ်မကြာလိုက်တဲ့အချိန်မှာပဲ ယန်ကျိ က ထိုအကြောင်းကိုရှာတွေ့သွားတယ်။

"မင်းသား အခုသူတို့ဘက်ကအင်အားသုံးဆလောက်ပိုများလာတယ်"

တပ်ရေးမှူးပေါ က ပြောလာတယ်။

ယန်ကျိ ထိုကိစ္စနဲ့ပတ်သက်ပြီး သိပ်မအံ့သြ။  အဲ့အင်းစက်ကောင်တွေက အရမ်းလျှင်လျှင်မြန်မြန်ပေါက်ဖွားနိုင်တာဖြစ်ပြီး ငါးဆလောက်အင်အားတိုးလာမယ်ဆိုရင်တောင် သူ မအံ့သြ။ဒါပေမဲ့တိုက်ပွဲဆိုတာ လူအင်အားက အနိုင်ယူနိုင်တာမဟုတ်ဘဲ ဗျူဟာနဲ့ လက်နက်ကသာ အရာရာဆုံးဖြတ်နိုင်တာဖြစ်တယ်။

"ဒုတိယ ပလန် ကိုစလုပ်တော့"

ယန်ကျိ ပြောပြီးတာနဲ့ သူ mecha ပေါ်တက်သွားတယ်။

ပလန် နှစ် ကအဓိကအားဖြင့် အကာအကွယ်ကိုဦးစားပေးပြီး ရှေ့တန်းတပ်သားတွေရဲ့ နောက်ကနေ လော်ဂါတွေကိုထိန်းထားနိုင်ဖို့ ထောက်ပံ့ကူညီတာပဲဖြစ်တယ်။ရန်သူကို ကုန်းတွင်းပိုင်းက ဝင်တိုက်ဖို့တပ်သားလဲပို့ပြီး အခုချိန်မှာ အစီအစဥ်နှစ်ခုထပ်ပေါင်းလိုက်တာဖြစ်တယ်။သတ်ဖြတ်သူလည်းရှိနေပြီး ထိုသတ်ဖြတ်သူကို ယန်ကျိ ကိုင်တွယ်ကာ အင်းစက်ကောင်တွေကိုလဲ သူတို့တတ်နိုင်သလောက် ထိန်းထားနိုင်ဖို့ပင်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now