11

3.7K 513 4
                                    

[Zawgyi]
Chapter-11 (မေ့လဲကျခြင်း)

ယန်ကျိ ရဲ့ရှေ့နေ့မှ ထုတ်ပြန်လိုက်တဲ့စာတမ်းမှာ တကယ့်ကိုသက်ရောက်မှုရှိတယ်လို့ပြောရမယ်။ တုရှန်း ရဲ့ကိုယ်ဝန်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေအကုန် မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားကာ ထုတ်ဝေသူဘက်ကလည်း တောင်းပန်ကြောင်းစာတင်ခဲ့တာကြောင့် ပြဿနာတွေက ထင်ထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန်ပြေလည်သွားတယ်။

နောက်တစ်ရက်မှာတော့ နှစ်ယောက်လုံး ကိုယ်စီအလုပ်ရှုပ်နေခဲ့ပြီး တုရှန်း က ထပ်ထုတ်မဲ့ကုန်ပစ္စည်းအသစ်ကိုပဲအာရုံစိုက်နေခဲ့တယ်။ဒီနှစ်မှာ  Star C ထဲကိုဝင်ရောက်လာတဲ့ ရောင်ခြည်တွေက အလွန်ပြင်းထန်လာတာကြောင့်  အသားအရေအတွက်လိုအပ်တဲ့ skin care ပစ္စည်းများရဲ့ရောင်းအားကလည်း  အရင်နစ်ကထက်ပိုများလာတယ်။Star Diamond နှစ်ပေါင်းများစွာရပ်တည်လာနိုင်တာ R&D အဖွဲ့ဝင်တွေက star coin အများအပြားကိုရှာဖွေပေးနိုင်ခဲ့တာကြောင့်လည်း ဖြစ်တယ်။

R&Dအဆောက်အဦးအဖွဲ့အစည်းရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ တုရှန်း ကတော့ တာဝန်ယူမှုများစွာကိုပခုံးပေါ်သယ်ပိုးထားရတယ်။ ပြီးတော့ အခုအချိန်မှာလည်း အလှကုန်ကုမ္ပဏီရဲ့ ပြိုင်ပွဲကလည်း ရှိနေသေးပြန်တယ်။သူက ပြိုင်ပွဲအတွက်ပြင်ဆင်နေရုံတင်မကပဲ သုတေသနစမ်းသပ်ချက်တွေကိုလည်း လုပ်ရသေးတယ်။ အဲ့လိုနဲ့ရက်ပေါင်းများစွာဆက်တိုက် အလုပ်လုပ်နေခဲ့တဲ့ရလဒ်က နောက်ဆုံးမှာတော့ သုတေသနအခန်းထဲ မေ့လဲကျတော့တာပါပဲ။

ယန်ကျိ ဆီကို Star Diamond Company က ဖုန်းဆက်လာချိန်မှာ သူနည်းနည်းအံ့သြသွားတယ်။

"ဟယ်လို ယန်ကျိ ပါ"

သုံးဖက်မြင်မြင်ကွင်းမှာပေါ်လာတဲ့ တစ်ဖက်ကလူရဲ့ မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ သုတေသနဝတ်စုံဝတ်ထားတဲ့သူတစ်ယောက်ကို ယန်ကျိ မြင်လိုက်ရတယ်။

"ဟယ်လို မင်းသား.. ကျွန်တော်က ခေါင်းဆောင် တုရှန်း ရဲ့ လက်ထောက် ယန်ယု လို့ခေါ်ပါတယ်။ အဖွဲ့ခေါင်းဆောင်က သုတေသနအခန်းထဲမှာ အလုပ်လုပ်ရင်းမေ့လဲကျသွားလို့ အဲ့ဒါ...အခု First Star အထွေထွေဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now