6

3.8K 544 12
                                    

[Zawgyi]
Chapter 6 (အရမ်းပူတယ်)

ယန်ကျိ အိပ်ယာပေါ်ထိုင်ကာ သူ့ကိုယ်သူတင်းတင်းကြပ်ကြပ် ပိုက်ထားမိရင်း တုရှန်း အကြောင်းကို တွေးနေမိတယ်။
တုရှန်း က သူ့တို့နှစ်ယောက်တစ်ခန်းတည်း ခဏအတူအိပ်ရန် တောင်းဆိုနေတဲ့အချိန်တုန်းက အကြည့်ချင်းဆုံချိန်ခဏမှာတင် လန့်သွားပြီး တုရှန်း ကို အယ်ဖာလို့တောင်အမြင်မှားမိသွားတယ်။ သူက အားနည်းတဲ့အိုမီဂါဆိုတာ သေချာပါတယ်နော်။

တုရှန်း သူဝတ်ထားသည့် အသုံးအဆောင်တွေကို ချွတ်ပြီး ညအိပ်ဝတ်စုံယူကာ ရေချိုးခန်းထဲ ဆေးကြောရန်ဝင်သွားတယ်။တုရှန်း ထွက်သွားတော့မှ ယန်ကျိ က သူဝတ်ထားသည်အသုံးအဆောင်တွေကို စပြီးချွတ်နေတယ်။

ရေချိုးခန်းထဲရောက်တော့ တုရှန်း အဝတ်တွေချွတ်ပြီးပိုက်ထားရင်း သူ့ကိုယ်သူမှန်ထဲမှာကြည့်ဖို့  ခေါင်းကိုလှည့်လိုက်တယ်။ သူ့လည်ပင်းက ဂလန်းမ်းကကိုက်ရာက အခုထိမပျောက်သေးပေ။ဒါကို ယန်ကျိ လုပ်ပေးခဲ့တာဆိုပေမဲ့ အရာအားလုံးကပြီးသွားခဲ့ပြီပဲလေ။ရက်အနည်းငယ်ရှိနေတာတောင် သူ့အယ်လ်ဖာကအခုထိမာန်မကျသေးဘူး တုရှန်း စိတ်တိုတိုဖြင့် တွေးနေမိတယ်။

ထို့နောက် ရေပန်းခလုတ်ကိုဖွင့်လိုက်ပြီး တုရှန်း ရေချိုးနေချိန် အခန်းအပြင်က ယန်ကျိ က  ‌ရေကျသံကို နားထောင်နေရင်း သူ့အတွေးတွေကရှုပ်ထွေးနေတယ်။အိုမီဂါတွေက တကယ့်ကိုအန္တရာယ်များလွန်းတယ်။သူ့နှာခေါင်းကလည်းအရမ်းအနံ့ခံကောင်းတာကြောင့် အိုမီဂါရဲ့ဖယ်ရိုမုန်းချိုချိုမွှေးမွှေးအနံ့ကို အရှိအတိုင်း ရှင်းရှင်းလင်းလင်းခံစားနေရတယ်။

ပြောရရင် ယန်ကျိ က အိုမီဂါမျိုးစုံတွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ တုရှန်း ရဲ့ဖယ်ရိုမုန်းအနံ့က ချိုမွှေးလွန်းတဲ့ အိုမီဂါအများစုလိုပဲမဟုတ်ပဲ အရမ်းကြီးသိမ်မွေ့မနေတဲ့ အနံ့မျိုးပေ။ဒါပေမဲ့ တုရှန်း ရဲ့ အနံ့က သူ့ကိုတော့ အနှောင့်အယှက်ပေးတဲ့အနံ့မျိုးတော့မဟုတ်ပေ။ ယန်ကျိ အတွေးတွေက တဖြည်းဖြည်းနဲ့ တုရှန်း အကြောင်းစတင်တွေးနေမိပြီဆိုတာ ရုတ်တရက်သတိရမိသွားတော့ လန့်သွားပြီး မျက်နှာတခုလုံးဖြူဖတ်ဖြူရော်ဖြစ်သွားတော့တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now